မွေးရမယ့်ရက်မဟုတ်ပေမယ့် ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပြီဖြစ်တဲ့ မေဆူးမောင်

မွေးရမယ့်ရက်မဟုတ်ပေမယ့် ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပြီဖြစ်တဲ့ မေဆူးမောင်

ပရိသတ်ကြီးရေ.. ဘိုဆန်ဆန် မျက်နှာလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချော လေး မေဆူးမောင်ကို အထွေအထူး မိတ်ဆက်ပေးဖို့ လို မယ်မထင်ပါဘူးနော်။ မေဆူးမောင်ဟာ ရုပ်ရှင် ဇာတ်ကားကြီးတွေအပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ ကိုယ်ဝန်လွယ်ဆောင်နေရတာမို့ အနုပညာလောကနဲ့ ခဏတာအဆက်အသွယ်ပြတ် တောက်နေခဲ့တာဖြစ်ပါတယ်။

အမြွှာသမီးလေးတွေရဲ့ကိုယ်ဝန်ကို လွယ်ဆောင်ထားရ တဲ့ မေဆူးမောင်ဟာ စက်တင်ဘာလ (၁၉) ရက် နေ့မှာတော့ သူမရဲ့ သမီးလေးတွေကို အောင်မြင်စွာ မွေး ဖွားနိုင်ခဲ့ပြီလို့ သိရပါတယ်။ မေဆူးမောင်က “Due date မရောက်သေးခင် mummy ဇာတ်လမ်းတွဲ ချစ်လှစွာ သောပြတဲ့နေ့မှာပဲ အမှတ်တရဖြစ်အောင် mummy ကိုအားပေးဖို့ရောက်လာတဲ့ အမွှာမင်းသမီး လေးတွေက love u my little twin princess God bless themia 19.9.2023(Tuesday)” ဆိုပြီး သူမ သမီးလေးတွေရဲ့ ပထမဦးဆုံး ဓာတ်ပုံကို မျှဝေလာပါ တယ်။

မေဆူးမောင်ကတော့ မွေးဖွားရက်မတိုင်ခင်မှာပဲ သူမရဲ့ သမီးတွေကို မွေးဖွားခဲ့ရတယ်ဆိုပေမယ့် အမေရော သမီးလေးတွေပါ ကျန်းကျန်းမာမာရှိတာ တကယ့်ကို ဝမ်းသာစရာပါပဲနော်။ မေဆူးမောင်ရဲ့ သမီးလေးတွေ ကတော့ အမေတူလေးတွေဖြစ်ရင် ချစ်စရာကောင်းကြ မယ်ဆိုတာ မလွဲမသွေပါပဲ။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *