တည့်တည့်ကြီးကိုကျသွားတာ အုန်းခနဲ့ပဲ(ရုပ်သံ)

မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ဖေဖော်ဝါရီ ၃ ရက်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ရဲစခန်းနဲ့ စီမံကိန်းရုံးရှိ စစ်ကောင်စီလက်အောက်ခံတပ်တွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃၁ နဲ့ ဖေဖော်ဝါရီ ၁ ရက် ၂ ရက်ဆက်တိုက် မြိုင်မြို့နယ်အတွင်းရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး၊ စီမံကိန်းရုံးရှိ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၁၄ လုံးခန့် ကြဲချတိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးသီးများဟာ ပစ်မှတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ် ကောင်စီလက်အောက်ခံတပ်တွေ ထိခိုက်များနိုင်တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို မြိုင် ပကဖ၊ သူရိန်၊ ကိုလင်းမြွေ မဟာမိတ်တပ်ဖွဲများ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်

Be the first to comment

Leave a Reply

Your email address will not be published.


*