ငွေလဲကောင်တာပေါင်း တစ်ရာကျော်ကို ဗဟိုဘဏ်က လိုင်စင် ပြန်ရုပ်သိမ်း…

နိုင်ငံခြားငွေ လဲလှယ်ခွင့်ရထားတဲ့ ကုမ္ပဏီပေါင်း ၁၂၃ ခုကို ဗဟိုဘဏ်ရဲ့ အမှုဆောင်ကော်မတီ

အစည်းအဝေး ဆုံးဖြတ်ချက်အရ လိုင်စင်တွေ ရုပ်သိမ်းလိုက်တယ်လို့ မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်

အဲဒီငွေလဲကောင်တာလုပ်ငန်းတွေဟာ နိုင်ငံခြားသုံးငွေ စီမံခန့် ခွဲမှု ဥပဒေ၊ စည်းမျဉ်းနဲ့ ဗဟိုဘဏ်က ထုတ်တဲ့ ညွှန်ကြားချက်တွေကို မလိုက်နာလို့

ဗဟိုဘဏ် အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင် စင် (Money Changer License) လိုင်စင်ကို ရုပ်သိမ်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လိုင်စင်ရုတ်သိမ်းခံရတဲ့ ငွေလဲကောင်တာတွေမှာ Sedona Hotel (Straits Greenfield Limited) ၊ Taw Win Family Construction Co.,Ltd ၊ Family Treasure Travels & Tours Co.,Ltd နှင့် Columbus Travel & Tours Co.,Ltd စတဲ့ နာမည်ကြီး ငွေလဲကောင်တာတွေလည်း ပါဝင်နေပါတယ်။

ငွေလဲနှုန်း မတည်ငြိမ်လို့ ပိတ်ထားတဲ့ ကောင်တာတွေနဲ့ သတ်မှတ်ဈေးအတိုင်း မဟုတ်ဘဲ ပြင်ပပေါက်ဈေးနဲ့ ရောင်းတဲ့ ကောင်တာတွေ အများစုကို လိုင်စင် ပြန်သိမ်းတာ ဖြစ်ပြီး အများစုဟာ ရန်ကုန်မြို့မှာ ဖွင့်ထားတဲ့ လုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နှောင်းပိုင်းက စလို့ ပြည်တွင်းငွေကြေးဈေးကွက်မှာ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေဈေးတွေ သိသိသာသာ မြင့်လာတာကြောင့် မြို့ကြီးတွေမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ငွေလဲကောင်တာ အများစုက အရောင်းအဝယ် မလုပ်တော့ဘဲ ဆိုင်တွေ ပိတ်ထားပါတယ်။

ဗဟိုဘဏ်က တရားဝင်ငွေလဲနှုန်းကို တစ်ဒေါ်လာ ၂၁၀၀ လို့ သတ်မှတ်ထားပေမဲ့ ပြင်ပငွေလဲဈေးကွက်မှာ တစ်ဒေါ်လာ ၃၅၀၀ – ၄၀၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့တာကြောင့် နိုင်ငံခြားငွေဈေး ကစားသူတွေကို ဖော်ထုတ် အရေးယူမယ်လို့ ဗဟိုဘဏ်က သတိပေးတာတွေ ရှိခဲ့ပါတယ်။

အခုလို ငွေလဲကောင်တာတွေကို လိုင်စင် ရုပ်သိမ်းလိုက်တဲ့အတွက် ပြင်ပဒေါ်လာဈေး တက်ရိပ် ပြလာပြီး အခု တစ်ဒေါ်လာ ၃၄၅၀ ကျပ်မှာ လည်ပတ်နေကြောင်း၊ ငွေလဲကောင်တာတွေမှာ ဝယ်မရရင် ပြင်ပဈေးကွက်မှာ လက်သိပ်ထိုးရောင်းသူတွေဆီ ဝယ်ရမှာ ဖြစ်လို့ ဈေးပိုပေးရနိုင်ကြောင်း သုံးသပ်ကြပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *