ဦးဂျွန်ဦးနဲ့သူမတို့ကြားက ပတ်သက်မှုအပေါ် စွပ်စွဲပြောဆိုနေတဲ့ဒေါ်ဧကရီဝင်းကိုပြန်လည်တုံ့ပြန်လိုက်တဲ့ အလှမယ်နိုနိုမေရဲ့ဗီဒီယို

ဦးဂျွန်ဦးနဲ့သူမတို့ကြားက ပတ်သက်မှုအပေါ် စွပ်စွဲပြောဆိုနေတဲ့ဒေါ်ဧကရီဝင်းကိုပြန်လည်တုံ့ပြန်လိုက်တဲ့ အလှမယ်နိုနိုမေရဲ့ဗီဒီယို

ပရိသတ်ကြီးရေ အလှမယ်နိုနိုမေဟာ Miss Universe Myanmarပြိုင်ပွဲကြီးမှာ 4th Runner upဆုကြီးကိုရရှိပိုင်ဆိုင်ခဲ့ပြီးပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့သူပဲဖြစ်ပါတယ်။ပြိုင်ပွဲပြီးတော့ ရက်ပိုင်းလောက်မှာပဲသူမရဲ့နောက်ကွယ်ကအတိတ်အကြောင်းကို ချစ်သူဟောင်းရဲ့မယားကြီးကအောက်ဖဲလှန်ခြင်းကိုခံခဲ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးချစ်သူဟောင်းဖြစ်သူဦးဂျွန်ဦးကလည်းမီဒီယာတွေမှာဖြေရှင်းခဲ့သလို အခုတစ်ခါမှာလည်းအလှမယ်နိုနိုမေကသူမရဲ့ဖြစ်ကြောင်းကုန်စင်ကို ဂဂဏဏပြောပြလာပါတယ်။

နိုမေက”ဒါက ရိုးရိုးပါဆင်နယ်ကိစ္စလေးပါ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းကဖြစ်ခဲ့တဲ့ကိစ္စကို အခုမှပြောတယ်ဆိုတော့လေ ပြောချင်ရင်အရင်ကတည်းကပြောလို့ရပါတယ်။ညီမပြိုင်ပွဲတွေဝင်ပြိုင်ခါမှအခုလိုပြောတယ်ဆိုတော့ ညီမအနေနဲ့တော့့Personal attentလုပ်တယ်လို့ပဲထင်ပါတယ်။သူတို့က နော်ဝေးနိုင်ငံမှာနှစ်ဦးသဘောတူကွာရှင်းပြီးခါမှ ဦးဂျွန်ဦးကမြန်မာပြည်ကိုပြန်ရောက်လာတာပါ။အဲဒီမှာညီမနဲ့တွေ့တယ် လက်ရှိမှာသူကကွာရှင်းပြီးသားဆိုတော့Singleပဲပေါ့နော်။ညီမလည်းအဲတုန်းကSingleဆိုတော့လေ Single Singleချင်းကြိုက်တာမထူးဆန်းပါဘူး။ဒါသာမန်ရီးစားထားတာပဲလေ…ဒါပါပဲ။

ညီမအနေနဲ့ကလည်း အိမ်ထောင်ရှိတဲ့အမျိုးသားကိုကြိုက်ရလောက်အောင် ဦးနှောက်မရှိတယ်သူမဟုတ်ဘူးလေ။ဦးနှောက်မဲ့နေတဲ့မိန်းမဆိုရင်ညီမခုချိန်မှာဘာအလုပ်မှမလုပ်ဘဲ သူများနောက်လိုက်ပဲလုပ်နေမှာပေါ့။ညီမမှာ စဉ်းစားဆုံးဖြတ်နိုင်တဲ့ဦးနှောက်ရှိပါတယ်။သူတို့နှစ်ယောက်ကွာရှင်းပြီးမှတွဲခဲ့ကြတယ်ဆိုတာ အကုန်လုံးလည်းသိပါတယ်။”ဆိုပြီးပြောပြလာပါတယ်။ အပြည့်အစုံကိုအောက်ကဗီဒီယိုလေးကိုကြည့်ပြီး ပရိသတ်ကြီးရဲ့အမြင်ကိုပြောသွားပါအုံးနော်။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *