စိတ်ဒဏ်ရာပေးတတ်တဲ့ မိဘမျိုးကိုရရှိထားလို့ သူမကိုယ်တိုင်မိဘနေရာရောက်ရင် ဘယ်လိုအရာတွေပေးမလဲဆိုတာ ပြောပြလာတဲ့ ပက်ထရစ်ရှာ

စိတ်ဒဏ်ရာပေးတတ်တဲ့ မိဘမျိုးကိုရရှိထားလို့ သူမကိုယ်တိုင်မိဘနေရာရောက်ရင် ဘယ်လိုအရာတွေပေးမလဲဆိုတာ ပြောပြလာတဲ့ ပက်ထရစ်ရှာ

ပရိသတ်ကြီးရေ.. ပတ်ထရစ်ရှာ လို့ ခေါ်တဲ့ မင်းသမီးချောလေး စူးရှနိုင် ကတော့ နာမည် လေးနဲ့လိုက်အောင် လှပထက်မြက်တဲ့ ကိုယ်ရည်ကိုယ် သွေးတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရုပ်ရည်လှပမှု ကို ရရှိထားပေမယ့် စိတ်ချမ်းသာမှုအပြည့်အဝမရတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့တဲ့ ပတ်ထရစ်ရှာက သူမ အနေနဲ့ သူမကိုယ်တိုင် မိဘတွေကြောင့် စိတ်ဒဏ်ရာ တွေရရှိခဲ့သလို သူမသာ မိဘဖြစ်လာခဲ့ရင် အဲ့လိုအဖြစ် မျိုး လုံးဝအဖြစ်မခံဘူးလို့ ပြောလာခဲ့ပါတယ်။

ပတ်ထရစ်ရှာက သူမရဲ့ ဖေ့စ်ဘုတ်စာမှာ သားသမီးကို သောကပေးတဲ့ မိဘတွေနဲ့ပတ်သက်ပြီး ရေးသားခဲ့ရာ လူတစ်ယောက်က “ကိုယ်တိုင်မိဘနေရာရောက်ရင် သိ ပါလိမ့်မယ်” လို့ ကောမန့်ပေးခဲ့ရာ ပတ်ထရစ်ရှာက “ကိုယ်တိုင် မိဘနေရာရောက်ရင် ဘာသိမှာလဲရှင့်။ ငါပဲ နင်တို့အမှားကိုထောက်ပြခွင့်ရှိတယ် ငါကအမြဲမှန်တယ် ငါဘယ်တော့မှမမှားဘူးဆိုပြီး အတ္တကြီးဖို့လား။ သူများ ကိုသာ လက်ညှိုးထိုး အပြစ်တင်တတ်ပြီး ကိုယ့် အလှည့်ကျ မဖြစ်သင့်တာမဖြစ်အောင် နည်းနည်းလေး မှ အပြုသဘောနဲ့တောင် အပြုပြင်မခံနိုင်အောင် တစ်ကိုယ်ကောင်းဆန်ဖို့လား လူတစ်ယောက်ရဲ့ဘဝတစ် ခုလုံးကို control လုပ်ဖို့လား။ သူများကို လူ့ဘဝထဲကို ခေါ်လာပြီး Physical abuse mental abuse တွေလုပ်ဖို့ လား။

ကိုယ်စိတ်မကြည်ရင် မကြည်သလို ကြမ်း ကြမ်းတမ်းတမ်း abusive ဖြစ်ဖို့လား။ သားသမီးချင်းပဲ ယှဉ်ပြီး မိဘချင်းကျတော့ဘယ်တော့မှ မယှဉ်တဲ့ တစ်ဖက်သက်ဖြစ်ဖို့လား။ သေချာတာတော့ ကျမ ဒီ trauma bond ထဲက escape ဖြစ်ပြီး ready ဖြစ်ခဲ့လို့ ကလေးတွေရလာခဲ့ရင် ကျမကလေးတွေအတွက် narcissist မိဘ toxic မိဘလုံးဝအဖြစ်မခံဘူး။ ကျမကလေးတွေကို ကျမကြုံတွေ့ခဲ့ရတဲ့ drama တွေ ခံစားခဲ့ ရတဲ့ trauma တွေလုံးဝပြန်မပေးဘူး။ ကျမ မရခဲ့တဲ့ freedom တွေ affection တွေပဲပေးမယ်။ အလကားနေ ငါမိဘ နင်သားသမီးဆိုတာမျိုးနဲ့ မခြိမ်းခြောက်ပဲ မှား တာ မှန်တာကိုလည်း လွပ်လပ်စွာ ရှင်းပြခွင့်ပြောဆိုခွင့် ပေးမယ်။ ကလေးတွေကို လူ့လောကမှာ ရဲရဲရင့်ရင့်နဲ့ ဖြတ်သန်းနိုင်အောင် ပျိုးထောင်မယ်။ ကျမဘက်က ဒါ တွေအတွက် ready မဖြစ်သေးပဲနဲ့တော့ ကလေးကိုလူ လောကထဲခေါ် ပြီး မ နှိ-ပ် စ-က် ဘူး ဒုက္ခမပေးဘူး။ ဒီ ဒီ trauma cycle ထဲက ကိုယ့်ကိုကိုယ်မထွက်နိုင်တော့ဘူး ထင်ရင်လည်း ကလေးမမွေးတော့ဘူးလို့ ဆုံးဖြတ်ထား ပါတယ်ရှင့်” ဆိုပြီး ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်ခဲ့ပါ တယ်။

ပတ်ထရစ်ရှာကတော့ သူမအနေနဲ့ လွတ်လပ်မှုတွေကြင်နာမှုတွေကို သူမရဲ့ မျိုးဆက်သစ်တွေကို ပေးမယ် လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါတွေအတွက် အဆင်သင့်မဖြစ်သေးရင်တော့ သူမအနေနဲ့ ကလေး တစ်ယောက်ကို လူ့လောကထဲခေါ်လာမှာမဟုတ်ဘူးလို့ လည်းပြောလာခဲ့ပါတယ်။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *