ဒီလိုသတင်းတွေ ခပ်စိပ်စိပ်ကြားနေရတယ် ဝဋ်လည်ဘီလေ

သံတွဲမြို့နယ်၊ ဒါဝကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်စာရင်း ကောက်ခံသူ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် လည်လှီးအသတ်ခံရ ■ သဲကုန်းတွင်လည်း စစ်မှုထမ်း စာရင်းကောက်နေသော ဇီကုန်းကျေးရွာအုပ် ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ ထွေ/အုပ်စာရေး ဒဏ်ရာ အပြင်း အထန်ရ ရန်ကုန်၊ မတ် ၂၂ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်စာရင်း ကောက်ခံသူ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် လည်လှီးအသတ်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဝင်းရွှေကို လူတချို့က ဝင်ရောက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ “သံတွဲနယ်ဒါဝရွာမှာ သူ့ကိုတော့ ရွာက လူတွေက အုပ်ကြီးလို့​ ခေါ်တယ်။ ရပ် ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ပါ။ တစ်နေ့က စစ်မှုထမ်းရမယ့် လူငယ်စာရင်းကောက် တာမှာ သူက ရှေ့ဆုံးကပါတယ်။ အဲဒီနေ့ပြီးတော့ သူ့ကို ဓားနဲ့ လည်ပင်းဖြတ်ပြီး သတ်သွားပါတယ်”ဟု ကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။ အလားတူ မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဇီးကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး မြင့်ဆွေနှင့်ထွေ/အုပ်စာရေးကိုဖြိုးတို့သည် စစ်မှုထမ်းစာရင်း ကောက်ခံပြီး ပြန်လာစဉ် ပစ်ခတ်ခံရကြောင်း၊ အုပ်ချုပ်ရေးမှူး မြင့်ဆွေ ပွဲချင်းပြီး သေဆုံးပြီး ထွေ/အုပ်စာရေး ကိုဖြိုးမှာမူ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။ ” သာပေါင်း ကျေးရွာနားမှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်းတပ်ခွဲ ၅ နဲ့ ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ ၄ ပူးပေါင်း(နွေဦးမောင်) အဖွဲ့က ဇီးကုန်းရွာအုပ်ကြီး မြင့်ဆွေနဲ့ ထွေ/အုပ်စာရေးကို ပစ်ခတ်ရှင်းလင်းပါတယ်။ အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေက နေရာမှာတင် ပွဲချင်းပြီး သေဆုံးပါတယ်။ ထွေအုပ်စာရေးကိုဖြိုးကတော့ ဝမ်းဗိုက်ကျည်ထိမှန်ပြီးအပြင်းအထန်ဒဏ်ရာရပါတယ်” ဟု ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်များဖြစ်ကြသောစစ်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ပျူစောထီးများ၊သတင်းပေးများ၊ စစ်မှုထမ်းရန် အတင်းအဓ္မဖိအားပေးနေသောရပ်/ကျေးအုပ်ချုပ်ရေးမှူး များကိုပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေပြီဖြစ်၍ ပြည်သူလူထုနှင့်အမြန်ဆုံးပူးပေါင်းကြရန် ပြည်ခရိုင် ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကတိုက်တွန်းသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *