ရာအိမ်မှူး ဝင်းရွှေဆို့အောက်😄😄😄

စစ်မှုထမ်းစုဆောင်းသည့် သံတွဲမြို့နယ်မှ ရာအိမ်မှူးတစ်ဦး အသတ်ခံရ

မတ်လ ၂၂ ရက်

သံတွဲမြို့နယ်တွင် ကျေးရွာသားများအား ပြည်သူ့ စစ်မှုထမ်းရန် စာရင်းကောက်ခံ စုဆောင်းနေသည့် ရာအိမ်မှူးတစ်ဦး မတ်လ ၂၁ ရက်နေ့က သတ်ဖြတ်ခံလိုက်ရကြောင်းသတင်းရရှိသည်။ သတ်ဖြတ်ခံရသူမှာ သံတွဲမြို့နယ်၊ ဒါဝကျေးရွာ ရာအိမ်မှူး ဦးဝင်းရွှေ အသက် (၄၅)နှစ် ဝန်းကျင် ဖြစ်ကြောင်း ကျေးရွာသားများကပြောသည်။ သူသည် ယမန်နေ့မတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းက သံတွဲမြို့သို့ဈေးဝယ်ရန်သွားရောက်ပြီး ကျေးရွာသို့ အပြန်လမ်းတွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒါဝကျေးရွာသားတစ်ဦးက အတည်ပြုသည်။

” ရာအိမ်မှူးနာမည်က ဦးဝင်းရွှေပါ။ အသက် ၄၅ ဝန်းကျင်လောက်ရှိမယ်။ သူအသတ်ခံရတာကတော့ မှန်ပါတယ်။ စစ်မှုထမ်းဖို့ လူစုဆောင်းတာနဲ့ ပတ်သက်နေတယ် ” ဟု ပြောသည်။ ရခိုင်ပြည်တောင်ပိုင်းလူထုအခြေပြုသတင်းစာမျက်နှာ Dwayarwaddy ကမူ ဦးဝင်းရွှေကို အမည်မသိလူများက လည်လှီးသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ဦးဝင်းရွှေသတ်ဖြတ်ခံရမှုမှာ ပြည်သူ့စစ်မှုထမ်းစုဆောင်းမှုများနှင့်ပတ်သက်၍ အငြိုးအတေးထား သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကထင်မြင်ချက်ပေးကြသည်။

” သံတွဲမှာက ရွာတွေမှာလူငယ်တွေကိုအတင်းစစ်မှုထမ်းစုဆောင်းနေတယ်။ဒီအထဲမှာ စစ်ကောင်စီရဲ့ လက်အောက်က အုပ်မှူးတွေ၊ရာအိမ်မှူးတွေကလည်းအဓိကပါဝင်နေတယ်။ အဲဒါတွေကို ဒေသခံတွေအနေနဲ့ဘယ်ကျေနပ်မလဲ။ ဒါတွေကကြာလေပြသနာကြီးထွားလာလေဖြစ်မှာပဲ။ ကိုယ့်ဒေသကလူငယ်တွေကိုအတင်းထိုးကျွေးနေတာမျိုးဆိုတော့လေ” ဟု သံတွဲမြို့နယ်မှ လူငယ်တစ်ဦးကပြောသည်။ဒေသအတွင်းတွင်လည်း ရာအိမ်မှူး ဦးဝင်းရွှေ အသတ်ခံရခြင်းမှာ စစ်မှုထမ်းရန် စာရင်းကောက်ခံခြင်း၊ လူစုဆောင်းနေခြင်းနှင့် ပတ်သက်နေကြောင်း သတင်းထွက်ပေါ်နေသည်ဟုပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *