အညာကဘယ်တုန်းကမှ တလရ အပေါ် မညာခဲ့ဘူး (ရုပ်သံ)

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ကား ၂ စီး ပျက်စီး (ရုပ်သံ)

မတ်လ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၆ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း BRAVE HEART ARMY -BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်မှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ထွက်ခွာလာသော စစ်ကား ၅ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပထမ မိုင်း ၄ လုံးဖြင့် ပထမ အကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၅၇ မိနစ်တွင် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဒုတိယ‌ အကြိမ် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ပြီး၊ ညနေ ၆ နာရီ ခန့်တွင် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ချောင်းဦးဘက်ကို ပြန်လည် ထွတ်ခွာလာသော စစ်ကား ၄ စီးကို မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မိုင်း ၄ ဖြင့်တစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကားများ ထိုးရပ်သွားပြီး ည ၁၀ နာရီ ၁၁ မိနစ်တွင် မိုင်း ၄ လုံးဖြင့် ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်ကား ၂ စီး တိမ်းမှောက်ခဲ့ပြီး ကရိန်းကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုက အတွင်းသတင်းပေးပို့မှုအရ စစ်ခွေး ၁၆ ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရတယ်”ဟု BRAVE HEART ARMY -BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်သား ၁၆ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း၊ ယင်းတိုက်ခိုက်မှုကို BRAVE HEART ARMY -BHA မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်နိုင်ရေး ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများအနေဖြင့် ထောက်ပို့ ကူညီကြရန် မေတ္တာရပ်ခံကြောင်း BRAVE HEART ARMY -BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

မုံ႐ြာ-ေခ်ာင္းဦး လမ္းပိုင္းတြင္ စစ္ယာဥ္တန္းကို ၅ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္မႈ စစ္သား ၁၀ ဦးေက်ာ္ေသဆုံးၿပီး ကား ၂ စီး ပ်က္စီး (႐ုပ္သံ)
မတ္လ ၂၂
စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ မုံ႐ြာ-ေခ်ာင္းဦး လမ္းပိုင္းတြင္ အၾကမ္းဖက္ စစ္တပ္၏ စစ္ယာဥ္တန္းကို ၅ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ရာ စစ္သား ၁၆ ဦးေသဆုံးၿပီး ကား ၂ စီးပ်က္စီးခဲ့ေၾကာင္း BRAVE HEART ARMY -BHA တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
မတ္လ ၂၀ ရက္ေန႔တြင္ စစ္ကိုင္းၿမိဳ႕ အမွတ္ ၃၃ ေျချမန္တပ္မ ဌာနခ်ဳပ္မွ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ကို ထြက္ခြာလာေသာ စစ္ကား ၅ စီးကို မုံ႐ြာ-ေခ်ာင္းဦး လမ္းပိုင္းတြင္ ညေန ၅ နာရီ ၅၅ မိနစ္ခန႔္တြင္ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ပထမ မိုင္း ၄ လုံးျဖင့္ ပထမ အႀကိမ္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း၊ ညေန ၅ နာရီ ၅၇ မိနစ္တြင္ ေရွ႕ထြက္မိုင္း ၃ လုံးျဖင့္ ဒုတိယ‌ အႀကိမ္ ထပ္မံမိုင္းဆြဲ တိုက္ခိုက္ၿပီး၊ ညေန ၆ နာရီ ခန႔္တြင္ ေရွ႕ထြက္မိုင္း ၃ လုံးျဖင့္ ထပ္မံ မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ယင္းေန႔ ည ၉ နာရီ ၄၀ မိနစ္ခန႔္တြင္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္မွ ေခ်ာင္းဦးဘက္ကို ျပန္လည္ ထြတ္ခြာလာေသာ စစ္ကား ၄ စီးကို မုံ႐ြာ-ေခ်ာင္းဦး လမ္းပိုင္းတြင္ ည ၁၀ နာရီ ၁၀ မိနစ္ခန႔္တြင္ မိုင္း ၄ ျဖင့္တစ္ႀကိမ္ ေဖာက္ခြဲ တိုက္ခိုက္ရာ စစ္ကားမ်ား ထိုးရပ္သြားၿပီး ည ၁၀ နာရီ ၁၁ မိနစ္တြင္ မိုင္း ၄ လုံးျဖင့္ ဆက္လက္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုတိုက္ခိုက္မႈအတြင္း စစ္ကား ၂ စီး တိမ္းေမွာက္ခဲ့ၿပီး ကရိန္းကားျဖင့္ လာေရာက္ သယ္ေဆာင္သြားေၾကာင္း သိရသည္။
“အဲတိုက္ခိုက္မႈက အတြင္းသတင္းေပးပို႔မႈအရ စစ္ေခြး ၁၆ ေကာင္ေသတယ္။ ထိခိုက္ဒဏ္ရာရသူေတြလည္းရွိတယ္လို႔ သိရတယ္”ဟု BRAVE HEART ARMY -BHA တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။
အဆိုပါ တိုက္ခိုက္မႈ အတြင္း စစ္သား ၁၆ ဦးေသဆုံးကာ ထိခိုက္ ဒဏ္ရာရသူမ်ားလည္းရွိေၾကာင္း၊ ယင္းတိုက္ခိုက္မႈကို BRAVE HEART ARMY -BHA မွ ဦးေဆာင္ၿပီး CHINDWIN FIGHTER GROUP-CFG အဖြဲ႕က ပူးေပါင္းတိုက္ခိုက္ခဲ့ေၾကာင္း ဆက္လက္၍ အၾကမ္းဖက္ စစ္ေကာင္စီကို တိုက္ခိုက္ႏိုင္ေရး ျပည္တြင္း၊ ျပည္ပရွိ ျပည္သူမ်ားအေနျဖင့္ ေထာက္ပို႔ ကူညီၾကရန္ ေမတၱာရပ္ခံေၾကာင္း BRAVE HEART ARMY -BHA တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ဆက္လက္ေျပာဆိုသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *