သားစဉ်မြေးဆက် အခွင့်ရေးမရအောင်လုပ်ပစ်

သားစဉ်မြေးဆက် အခွင့်ရေးမရအောင်လုပ်ပစ်

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို

ရန်ကုန်၊ မေ ၂

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိကြောင်း Justice For Myanmar က ပြင်သစ်သတင်းစာ Le Monde ကို ကိုးကား၍ သတင်းထုတ်ပြန်သည်။

သိမ့်ဝင်းထက်သည် မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူအုပ်စုကို တည် ထောင်သည့် မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး၊ ၎င်းအား အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ် ဆို့မှု ချမှတ်ထားကြောင်း၊ ပြင်ငသစ်နိုင်ငံ HEC Paris တွင် ကျောင်းတက်ရောက်လျက်ရှိရာ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ် ရရှိနေသည့် ၎င်း၏မိသားစုစီးပွားရေးမှ ငွေးကြေးထောက်ပံ့မှု ရရှိနေကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပြင်သစ်ရှေ့နေများဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့က Justice For Myanmar ၏ အကျိုးဆောင်ရှေ့နေများအဖြစ် ဆောင်ရွက်၍ သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ကြောင်း၊ Le Monde သတင်းဌာန၏ ရေးသားချက်အရ သိမ့်ဝင်းထက်၏ ပြင်သစ်နိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် သက်တမ်းတိုးရတော့မည် ဖြစ်ကြောင်း၊ သို့ရာတွင် သူမ၏ ကျောင်းပညာသင်ကာလသည် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “အကယ်၍ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။ အဆိုပါမိန်းကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတစ်ရပ် ဖြစ်လာမှာပါ” ဟု Le Monde သတင်းစာသို့ ပြောဆိုထားသည်။

တစ်ချိန်တည်းတွင် HEC Paris က ၎င်းတို့အနေဖြင့် ရှေ့နေတစ်ဦးဖြင့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင် လျက်ရှိပြီး် “ကျောင်း၏ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များနှင့် ဆန့်ကျင်နေသည့် အခြေအနေ သို့မဟုတ် လုပ်ရပ်ရှိကြောင်း အသိပေးတင်ပြမှုမှန်သမျှကို အလွန်အလေးအနက်ထား ဆောင်ရွက်ပါကြောင်း” Le Monde က သတင်းဖော်ပြထားသည်။

ပြင်သစ်အာဏာပိုင်များအနေဖြင့် သိမ့်ဝင်းထက်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသင့်ပြီး၊ သူမ၏ ဗီဇာ ကိုလည်း ပြန်လည်ရုပ်သိမ်းသင့်ကြောင်း၊ ရွှေဗျိုင်းဖြူသည် မြန်မာစစ်တပ်နှင့် အရေးပါထင်ရှားသည့်ဆက်နွှယ်မှုရှိသော အဓိကခရိုနီလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ထင်ရှားသည့်ဆက်နွှယ်မှုများတွင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) နှင့် ရေနံတင်ပို့ရန် မိတ်ဖက်ဆောင်ရွက်မှုတစ်ခုလည်း ပါဝင်ကြောင်း၊ ရွှေဗျိုင်းဖြူ ဥက္ကဌ သိန်းဝင်းဇော်သည် မြန်မာစစ်တပ်နှင့် ကာလကြာရှည် အကျိုးအမြတ်ရှာ ဆက်ဆံရေး တစ်ရပ် ရှိထားသူဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတွင် အားပေးကူညီခြင်းအားဖြင့် သိန်းဝင်းဇော်သည် သစ်ထုတ်လုပ်ရေး၊ ကျောက်စိမ်း၊ သတ္တုတူးဖော်ရေးနှင့် အခြားမသမာစီးပွားရေး လုပ်ငန်းများတွင် အကျိုးအမြတ်ကြီးသော လုပ်ပိုင်ခွင့်စာချုပ်များ ရရှိခဲ့ကြောင်း သိရှိရသည်။

သိမ့်ဝင်းထက်သည် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာကို ဝယ်ယူစဉ် အတွင်း တည်ထောင်ခဲ့သည့် One Telecom Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိမ့်ဝင်းထက်သည် ATOM Myanmar တွင် ဘဏ္ဍာရေးလေ့လာဆန်းစစ်သူအဖြစ် အလုပ်သင် ဆင်းခဲ့ကြောင်း သိရှိရသည်။

သိမ့်ဝင်းထက်သည် “မြန်မာ-ရုရှားမိတ်ဖက် ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စား လှယ်များ ရှာဖွေရန်” အတွက် စုဖွဲ့တည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတစ်ခုတွင် ပါဝင်သည့် မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

JFM ကိုယ်စားပြု ပြင်သစ်ရှေ့နေများဖြစ်သော William Bourdon နှင့် Lily Ravon တို့က မကြာ သေးမီက သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ပြီး၊ ပြင်သစ်အချုပ်အခြာနယ်မြေ အတွင်းရှိ သူမ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်နှင့် ပြင်သစ်နိုင်ငံအတွင်းမှ နှင်ထုတ်ရေး စဉ်းစားရန် တောင်းဆိုထားသည်။

စစ္တပ္ႏွင့္ဆက္ႏြယ္ေနေသာ ေ႐ႊဗ်ိဳင္းျဖဴ ကုမၸဏီပိုင္ရွင္၏ သမီး သိမ့္ဝင္းထက္ ျပင္သစ္တြင္ ပညာသင္ၾကားေနမႈ ဗီဇာ သက္တမ္းတိုးေပးဖြယ္ မရွိဟုဆို
ရန္ကုန္၊ ေမ ၂
စစ္တပ္ႏွင့္ဆက္ႏြယ္ေနေသာ ေ႐ႊဗ်ိဳင္းျဖဴ ကုမၸဏီပိုင္ရွင္၏ သမီး သိမ့္ဝင္းထက္ ျပင္သစ္တြင္ ပညာသင္ၾကားေနမႈ ဗီဇာ သက္တမ္းတိုးေပးဖြယ္ မရွိေၾကာင္း Justice For Myanmar က ျပင္သစ္သတင္းစာ Le Monde ကို ကိုးကား၍ သတင္းထုတ္ျပန္သည္။
သိမ့္ဝင္းထက္သည္ ျမန္မာစစ္တပ္ဆက္ႏႊယ္ ခ႐ိုနီစီးပြားေရးလုပ္ငန္းစုႀကီး ေ႐ႊဗ်ိဳင္းျဖဴအုပ္စုကို တည္ ေထာင္သည့္ မိသားစု၏ မိသားစုဝင္တစ္ဦးျဖစ္ၿပီး၊ ၎အား အေမရိကန္ျပည္ေထာင္စုက ဒဏ္ခတ္ပိတ္ ဆို႔မႈ ခ်မွတ္ထားေၾကာင္း၊ ျပင္ငသစ္ႏိုင္ငံ HEC Paris တြင္ ေက်ာင္းတက္ေရာက္လ်က္ရွိရာ ျမန္မာစစ္အုပ္စုႏွင့္ စီးပြားေရးလုပ္ငန္းမွ အက်ိဳးအျမတ္ ရရွိေနသည့္ ၎၏မိသားစုစီးပြားေရးမွ ေငြးေၾကးေထာက္ပံ့မႈ ရရွိေနေၾကာင္း သိရွိရသည္။
၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၃ ရက္ေန႔တြင္ ျပင္သစ္ေရွ႕ေနမ်ားျဖစ္ၾကသည့္ William Bourdon ႏွင့္ Lily Ravon တို႔က Justice For Myanmar ၏ အက်ိဳးေဆာင္ေရွ႕ေနမ်ားအျဖစ္ ေဆာင္႐ြက္၍ သိမ့္ဝင္းထက္အား ျပင္သစ္အာဏာပိုင္မ်ားထံ တိုင္ၾကားခဲ့ေၾကာင္း၊ Le Monde သတင္းဌာန၏ ေရးသားခ်က္အရ သိမ့္ဝင္းထက္၏ ျပင္သစ္ႏိုင္ငံအတြင္း ေနထိုင္ခြင့္ ဗီဇာကို ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လတြင္ သက္တမ္းတိုးရေတာ့မည္ ျဖစ္ေၾကာင္း၊ သို႔ရာတြင္ သူမ၏ ေက်ာင္းပညာသင္ကာလသည္ အနည္းဆုံး ၂၀၂၄ ခုႏွစ္အထိ ဆက္လက္ရွိေနမည္ျဖစ္ေၾကာင္း သိရွိရသည္။
ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးက “အကယ္၍ ဥေရာပသမဂၢ ဒါမွမဟုတ္ ႏိုင္ငံတကာ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ရွိေနခဲ့မယ္ဆိုရင္ ဗီဇာထုတ္ေပးမွာ မဟုတ္ပါဘူး။ အဆိုပါမိန္းကေလးအေနနဲ႔ ဗီဇာသက္တမ္းတိုး ေလွ်ာက္လာၿပီဆိုရင္ ဒါက ျပႆနာတစ္ရပ္ ျဖစ္လာမွာပါ” ဟု Le Monde သတင္းစာသို႔ ေျပာဆိုထားသည္။
တစ္ခ်ိန္တည္းတြင္ HEC Paris က ၎တို႔အေနျဖင့္ ေရွ႕ေနတစ္ဦးျဖင့္ စုံစမ္းေမးျမန္းမႈမ်ား လုပ္ေဆာင္ လ်က္ရွိၿပီး္ “ေက်ာင္း၏ က်င့္ဝတ္ဆိုင္ရာ ကတိကဝတ္မ်ားႏွင့္ ဆန႔္က်င္ေနသည့္ အေျခအေန သို႔မဟုတ္ လုပ္ရပ္ရွိေၾကာင္း အသိေပးတင္ျပမႈမွန္သမွ်ကို အလြန္အေလးအနက္ထား ေဆာင္႐ြက္ပါေၾကာင္း” Le Monde က သတင္းေဖာ္ျပထားသည္။
ျပင္သစ္အာဏာပိုင္မ်ားအေနျဖင့္ သိမ့္ဝင္းထက္၏ ပိုင္ဆိုင္မႈမ်ားကို သိမ္းဆည္းသင့္ၿပီး၊ သူမ၏ ဗီဇာ ကိုလည္း ျပန္လည္႐ုပ္သိမ္းသင့္ေၾကာင္း၊ ေ႐ႊဗ်ိဳင္းျဖဴသည္ ျမန္မာစစ္တပ္ႏွင့္ အေရးပါထင္ရွားသည့္ဆက္ႏႊယ္မႈရွိေသာ အဓိကခ႐ိုနီလုပ္ငန္းစုႀကီးတစ္ခု ျဖစ္သည္။ ထင္ရွားသည့္ဆက္ႏႊယ္မႈမ်ားတြင္ အီးယူက ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ခ်မွတ္ထားသည့္ ျမန္မာ့ စီးပြားေရးဦးပိုင္လီမိတက္ (ဦးပိုင္) ႏွင့္ ေရနံတင္ပို႔ရန္ မိတ္ဖက္ေဆာင္႐ြက္မႈတစ္ခုလည္း ပါဝင္ေၾကာင္း၊ ေ႐ႊဗ်ိဳင္းျဖဴ ဥကၠဌ သိန္းဝင္းေဇာ္သည္ ျမန္မာစစ္တပ္ႏွင့္ ကာလၾကာရွည္ အက်ိဳးအျမတ္ရွာ ဆက္ဆံေရး တစ္ရပ္ ရွိထားသူျဖစ္ေၾကာင္း၊ ျမန္မာစစ္တပ္၏ အၾကမ္းဖက္မႈမ်ားတြင္ အားေပးကူညီျခင္းအားျဖင့္ သိန္းဝင္းေဇာ္သည္ သစ္ထုတ္လုပ္ေရး၊ ေက်ာက္စိမ္း၊ သတၱဳတူးေဖာ္ေရးႏွင့္ အျခားမသမာစီးပြားေရး လုပ္ငန္းမ်ားတြင္ အက်ိဳးအျမတ္ႀကီးေသာ လုပ္ပိုင္ခြင့္စာခ်ဳပ္မ်ား ရရွိခဲ့ေၾကာင္း သိရွိရသည္။
သိမ့္ဝင္းထက္သည္ ေ႐ႊဗ်ိဳင္းျဖဴက တယ္လီေနာျမန္မာကို ဝယ္ယူစဥ္ အတြင္း တည္ေထာင္ခဲ့သည့္ One Telecom Company Limited တြင္ ရွယ္ယာရွင္ႏွင့္ ဒါ႐ိုက္တာတစ္ဦးအျဖစ္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ၂၀၂၃ ခုႏွစ္တြင္ သိမ့္ဝင္းထက္သည္ ATOM Myanmar တြင္ ဘ႑ာေရးေလ့လာဆန္းစစ္သူအျဖစ္ အလုပ္သင္ ဆင္းခဲ့ေၾကာင္း သိရွိရသည္။
သိမ့္ဝင္းထက္သည္ “ျမန္မာ-႐ုရွားမိတ္ဖက္ ေဆာင္႐ြက္မႈ ခိုင္မာေစေရး ႐ုရွားႏိုင္ငံမွ ယုံၾကည္ႏိုင္ေသာ အေရာင္းကိုယ္စား လွယ္မ်ား ရွာေဖြရန္” အတြက္ စုဖြဲ႕တည္ေထာင္ခဲ့ေသာ လုပ္ငန္းစုႀကီးတစ္ခုတြင္ ပါဝင္သည့္ ျမန္မာေရနံကုမၸဏီ Min Shwe Myine Enterprise Limited တြင္လည္း ရွယ္ယာမ်ား ပိုင္ဆိုင္ထားေၾကာင္း သိရွိရသည္။
JFM ကိုယ္စားျပဳ ျပင္သစ္ေရွ႕ေနမ်ားျဖစ္ေသာ William Bourdon ႏွင့္ Lily Ravon တို႔က မၾကာ ေသးမီက သိမ့္ဝင္းထက္အား ျပင္သစ္အာဏာပိုင္မ်ားထံ တိုင္ၾကားခဲ့ၿပီး၊ ျပင္သစ္အခ်ဳပ္အျခာနယ္ေျမ အတြင္းရွိ သူမ၏ ပိုင္ဆိုင္မႈမ်ားအား သိမ္းဆည္းရန္ႏွင့္ ျပင္သစ္ႏိုင္ငံအတြင္းမွ ႏွင္ထုတ္ေရး စဥ္းစားရန္ ေတာင္းဆိုထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *