AA တို့ အသံတိတ်တိတ်နဲ့ အမုန်းကြိတ်နေတာ

BREAKING NEWS – မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟုဆို

▪️ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လက်နက်ချ

မေလ ၃ ရက်

ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လည်း လက်နက်ချအညံ့ခံခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။

မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသော အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို မေလ ၂ ရက်နေ့ နံနက် ၄ နာရီက သိမ်းပိုက်ရရှိပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ခိုင်လုံသော သတင်းရင်းမြစ်က ” မောင်တောကို AA က သိမ်းလိုက်ပါပြီ။ မနေ့က နံနက် အာရုဏ် ၄ နာရီလောက်မှာ သိမ်းပိုက်လိုက်တာပါ။ စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံခဲ့ပေမယ့် AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ” ဟု ပြောသည်။

မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်မှာ AA ထံ လက်နက်ချ အညံ့ခဲ့ပြီး မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA, ARA နှင့် RSO တို့က စစ်ကောင်စီဖက်မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာလည်း တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှုရှိကြောင်းလည်း သိရသည်။

စစ်ကောင်စီဖက်က ယခုအချိန်အထိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်းနှင့် စစ်တွေမြို့ဖက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ဘူးသီးတောင်မြို့ကိုလည်း သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA သည် ထိုးစစ်အရှိန်ကို ယခင်ထက် ၄ ဆခန့် မြှင့်တင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဘူးသီးတောင်မြို့က စစ်ကောင်စီ၏ အကြီးဆုံးစခန်းဖြစ်သော စကခ ၁၅ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၃ လခန့်ကြာမြင့်နေပြီဖြစ်ပြီး ယင်းတပ် ဌာနချုပ်ကို သိမ်းပိုက်ရရှိပါက ဘူးသီးတောင်မြို့ကို AA က သိမ်းပိုက်နိုင်မည်ဖြစ်သည်။

နောက်ထပ် ခိုင်လုံသော သတင်းရင်းမြစ်က ” ဘူးသီးတောင်မြို့ကို AA က ၇၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်နိုင်ပါပြီ။ ကျန် ၂၅ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ရရှိရင်တော့ ဘူးသီးတောင်မြို့ကိုလည်း မကြာခင်မှာ သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတဲ့အတွက် တချို့ဟာတွေမှာ နည်းနည်း ခက်ခဲနေတာတွေရှိပါတယ်။ ဒါပေမယ့် ဘူးသီးတောင်မြို့ကို AA က မရ ရအောင် သိမ်းပိုက်မှာပါ။ ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ အနီးရှိ စစ်ကောင်စီ တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။

အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ပြို၊ ရမ်းဗြဲနှင့် ပလက်ဝတို့ သိမ်းပိုက်ထားပြီး အခြားမြို့နယ်များကို သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။

ဓါတ်ပုံ – ပုံဟောင်း

BREAKING NEWS – ေမာင္ေတာၿမိဳ႕ကို AA က သိမ္းပိုက္ထိန္းခ်ဳပ္လိုက္ၿပီဟုဆို
▪️က်ီးကန္းျပင္ဌာနခ်ဳပ္က စစ္ေကာင္စီတပ္ဖြဲ႕ အင္အား ၅၀ ခန႔္ လက္နက္ခ်
ေမလ ၃ ရက္
ရခိုင္ျပည္ ေမာင္ေတာၿမိဳ႕ကို အာရကၡတပ္ေတာ္ AA က ရာႏႈန္းျပည့္ သိမ္းပိုက္ထိန္းခ်ဳပ္လိုက္ၿပီး က်ီးကန္းျပင္ဌာနခ်ဳပ္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား ၅၀ ခန႔္လည္း လက္နက္ခ်အညံ့ခံခဲ့ေၾကာင္း ခိုင္လုံေသာ သတင္းရင္းျမစ္ထံမွ သိရသည္။
ေမာင္ေတာၿမိဳ႕တြင္ ေနာက္ဆုံးက်န္ရွိေနေသာ အမွတ္ ၁ နယ္ျခားေစာင့္စခန္း က်ီးကန္းျပင္ဌာနခ်ဳပ္ကို ေမလ ၂ ရက္ေန႔ နံနက္ ၄ နာရီက သိမ္းပိုက္ရရွိၿပီးေနာက္ ေမာင္ေတာၿမိဳ႕ကို သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
ခိုင္လုံေသာ သတင္းရင္းျမစ္က ” ေမာင္ေတာကို AA က သိမ္းလိုက္ပါၿပီ။ မေန႔က နံနက္ အာ႐ုဏ္ ၄ နာရီေလာက္မွာ သိမ္းပိုက္လိုက္တာပါ။ စစ္ေကာင္စီဖက္က ၾကည္း၊ ေရ၊ ေလ သုံးခုစလုံးျဖင့္ ခုခံခဲ့ေပမယ့္ AA က သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ” ဟု ေျပာသည္။
ေမာင္ေတာၿမိဳ႕သိမ္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အင္အား ၅၀ ခန႔္မွာ AA ထံ လက္နက္ခ် အညံ့ခဲ့ၿပီး မြတ္ဆလင္အၾကမ္းဖက္အဖြဲ႕ ARSA, ARA ႏွင့္ RSO တို႔က စစ္ေကာင္စီဖက္မွ ပူးေပါင္းပါဝင္ တိုက္ခိုက္ခဲ့ေၾကာင္း သတင္းရင္းျမစ္က ဆိုသည္။
စစ္ေကာင္စီတပ္ဖြဲ႕ဝင္အခ်ိဳ႕မွာလည္း တစ္ဖက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ထြက္ေျပးမႈရွိေၾကာင္းလည္း သိရသည္။
စစ္ေကာင္စီဖက္က ယခုအခ်ိန္အထိ ေမာင္ေတာၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ႏွင့္ ေပါက္ေတာၿမိဳ႕နယ္တို႔ကို ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္ေနေၾကာင္းႏွင့္ စစ္ေတြၿမိဳ႕ဖက္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနေၾကာင္း သိရသည္။
ဘူးသီးေတာင္ၿမိဳ႕ကိုလည္း သိမ္းပိုက္ႏိုင္ရန္ အာရကၡတပ္ေတာ္ AA သည္ ထိုးစစ္အရွိန္ကို ယခင္ထက္ ၄ ဆခန႔္ ျမႇင့္တင္ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဘူးသီးေတာင္ၿမိဳ႕က စစ္ေကာင္စီ၏ အႀကီးဆုံးစခန္းျဖစ္ေသာ စကခ ၁၅ ဌာနခ်ဳပ္ကို ထိုးစစ္ဆင္တိုက္ခိုက္ေနသည္မွာ ၃ လခန႔္ၾကာျမင့္ေနၿပီျဖစ္ၿပီး ယင္းတပ္ ဌာနခ်ဳပ္ကို သိမ္းပိုက္ရရွိပါက ဘူးသီးေတာင္ၿမိဳ႕ကို AA က သိမ္းပိုက္ႏိုင္မည္ျဖစ္သည္။
ေနာက္ထပ္ ခိုင္လုံေသာ သတင္းရင္းျမစ္က ” ဘူးသီးေတာင္ၿမိဳ႕ကို AA က ၇၀ ရာခိုင္ႏႈန္းေက်ာ္ သိမ္းပိုက္ႏိုင္ပါၿပီ။ က်န္ ၂၅ ရာခိုင္ႏႈန္းေက်ာ္ကို သိမ္းပိုက္ရရွိရင္ေတာ့ ဘူးသီးေတာင္ၿမိဳ႕ကိုလည္း မၾကာခင္မွာ သိမ္းပိုက္ႏိုင္မွာျဖစ္ပါတယ္။ မြတ္ဆလင္အၾကမ္းဖက္အဖြဲ႕ေတြ ပူးေပါင္းတိုက္ခိုက္ေနတဲ့အတြက္ တခ်ိဳ႕ဟာေတြမွာ နည္းနည္း ခက္ခဲေနတာေတြရွိပါတယ္။ ဒါေပမယ့္ ဘူးသီးေတာင္ၿမိဳ႕ကို AA က မရ ရေအာင္ သိမ္းပိုက္မွာပါ။ ” ဟု ေျပာသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၂၇ ရက္ေန႔ နံနက္ပိုင္းတြင္လည္း အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တည္ရွိရာ ရခိုင္ျပည္၊ အမ္းၿမိဳ႕ အနီးရွိ စစ္ေကာင္စီ ေတာဟိန္းေတာင္ ဗ်ဴဟာကုန္းကို အာရကၡတပ္ေတာ္ AA က သိမ္းပိုက္ခဲ့သည္။
အာရကၡတပ္ေတာ္ AA က ရခိုင္ျပည္အတြင္းက ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ ေပါက္ေတာ၊ ရေသ့ေတာင္၊ ေတာင္ၿပိဳ၊ ရမ္းၿဗဲႏွင့္ ပလက္ဝတို႔ သိမ္းပိုက္ထားၿပီး အျခားၿမိဳ႕နယ္မ်ားကို သိမ္းပိုက္ ရရွိေရး ထိုးစစ္ဆင္းတိုက္ခိုက္ေနသည္။
ဓါတ္ပုံ – ပုံေဟာင္း

Be the first to comment

Leave a Reply

Your email address will not be published.


*