လူထက် အာဝုတွေက အရေးကြီးနေသောအခါ😂

လူထက် အာဝုတွေက အရေးကြီးနေသောအခါ😂

စက်သုံးဆီဆိုင်တိုင်းတွင် စစ်ဘက်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဦးစားပေး အရန်ဆီများ ချန်ထားရန် စစ်ကောင်စီက ညွှန်ကြားရန်ကုန်၊

ဩဂုတ် ၁၉

နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်တိုင်းတွင် စစ်ဘက်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဦးစားပေး အရန်ဆီများ ချန်ထားပေးရန် စစ်ကောင်စီက ညွှန်ကြားမှုများရှိနေကြောင်း စက်သုံးဆီဆိုင်တချို့မှ အရောင်းဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်သုံးဆီများတွင် ဆီရှိသည်ဖြစ်စေ၊ ဆီများ ပြတ်လည်နေသည့်အချိန်တွင်ဖြစ်စေ စစ်ဘက်၊ ရဲနှင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဦးစားပေး စက်သုံးဆီတချို့ကို မဖြစ်မနေ ချန်ထားရမည်ဖြစ်ကြောင်း၊ ယင်းဆီများကို ဌာနဆိုင်ရာကားများ၊ စစ်ဘက်နှင့်ရဲကားများ လာရောက် ဆီထည့်ချိန်တွင် ဦးစားပေးအဖြစ် ရောင်းချပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

“ဦးစားပေးချန်ခိုင်းတဲ့ ဆီပမာဏကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင်မတူဘူး။ စက်သုံးဆီဆိုင်တွေမှာ သူတို့ ယူတဲ့ဆီပမာဏအလိုက် များရင် များသလို ၊ နည်းရင် နည်းသလို ဦးစားပေးချန်ပေးရတယ်။ ဥပမာ- တချို့ဆိုင်တွေမှာ ဆီလီတာ ၂၀၀ လောက် စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာအတွက် ချန်ပေးရတယ်။

တချို့ဆိုင်တွေမှာတော့ ဆီလီတာ ၅၀၀ လောက်ဦးစားပေး မရောင်းဘဲ ချန်ထားပေးရတယ်” ဟု ဆီဆိုင်အရောင်းမန်နေဂျာတစ်ဦးက ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာစျေးနှုန်းနှင့်စက်သုံးဆီစျေးနှုန်းများကို ထိန်းချုပ်ထားမှုကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုများ မကြာခဏဆိုသလိုဖြစ်ပေါ်လေ့ရှိနေပြီး အာဏာသိမ်းရန် ကြိုးစားသည့် ၃ နှစ်ကျော်ကာလအတွင်း ၄ ကြိမ်ထက်မနည်း ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *