မြန်မာနိုင်ငံမှာ ဒုက္ခပေးလို့အားမရလို့ နိုင်ငံခြားသွားပီး ဒုက္ခသွားပေးနေတယ် မအေဘေး

မြန်မာနိုင်ငံမှာ ဒုက္ခပေးလို့အားမရလို့ နိုင်ငံခြားသွားပီး ဒုက္ခသွားပေးနေတယ် မအေဘေး

ထိုင်းနိုင်ငံတွင် မြန်မာသံရုံးနှင့် ထိုင်းအလုပ်ရှင်များ ပူးပေါင်း၍ မြန်မာအလုပ် သမားများထံမှ အခွန်အတင်းအကျပ် ကောက်ခံမှုများ လုပ်နေပြီး လုပ်ငန်းခွင်ဖိနှိပ်မှုများလည်းရှိနေ ရန်ကုန်၊

ဩဂုတ် ၁၉

ထိုင်းနိုင်ငံ ရုန်းရှင်းသံမဏိစက်ရုံတွင် မြန်မာအလုပ်သမား ၉၀၀ ခန့် ကို စက်ရုံပိုင်ရှင်နှင့် စကားပြန် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီထံ အခွန်ဆောင်ရေးအတွက် အတင်းအကျပ်လုပ်ဆောင်နေကြောင်း၊ အလုပ်သမားများထံမှ အကြောင်းအမျိုးမျိုးပြ ငွေဖြတ်ခြင်း၊ အလုပ်ထုတ်ခြင်းများ လုပ်ဆောင်နေကြောင်း စက်ရုံအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ထိုင်းနိုင်ငံ၊ ရုန်းရှင်းသံမဏိစက်ရုံရှိ တရုတ် မြန်မာ စကားပြန်နှင့် မန်နေဂျာပူးပေါင်း၍ မြန်မာ အလုပ်သမားများထံမှ ငွေကြေးများကို အဆမတန်ဖြတ်တောက်ခြင်း၊ အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ပေးမည်ဟုဆိုကာ စာအုပ်ဖိုးအတွက် ဘတ် ၁၇၀၀၀ တောင်းခံခဲ့ကြောင်း၊ စာအုပ်များကို လုပ်ဆောင်မပေးဘဲ အချိန်ဆွဲကြောင်း၊ စာအုပ်ရိုက်ပေးသည့်အချိန်တွင်လည်း ပထမဆက်သွယ်သည့် ပွဲစားနှင့် စက်ရုံအဆင်မပြေ၍ စာအုပ်မရရှိဘဲ ဝန်ထမ်းများ ငွေကြေးဆုံးရှုံးခဲ့ကြောင်း စက်ရုံအလုပ်သမားများ ထံမှ သိရှိရသည်။ “စက်ရုံထဲမှာပဲ နေခဲ့ရတယ်။ ရုံးတွေ ထပ်ဖွင့်တော့လည်း အလုပ်သမားတွေဆီက စာအုပ်ဖိုး တစ်ခါထပ်ဖြတ်ချလိုက်ပြန်တယ်။ တစ်ယောက်ကို အများဆုံး ထိုင်းဘတ် ၁၂၀၀၀ လည်း ထပ်ဖြတ်တာ ခံရတာတယ်။ စာအုပ်တွေကိုလည်း သိမ်းထားတယ်။

အလုပ်သမားတွေကို မပေးထားဘူး။ တရုတ်စကားပြန်နဲ့ မန်နေဂျာပေါင်းပြီး ဗမာတွေရဲ့ လုပ်အားခကို ဘယ်လိုယူရမလဲ အမြဲကြံနေတာကို တွေ့နေရပါတယ်” ဟု စက်ရုံအလုပ်သမား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် ဝင်ငွေခွန်ဆောင်ရန် အလုပ်သမားများထံမှ တောင်းခံလာကြောင်း၊ ထိုသို့ လုပ်ဆောင်မှုမှာ မြန်မာသံရုံးက ထိုင်းအလုပ်ရှင်နှင့်စက်ရုံများကို ဖိအားပေးလာခြင်းဖြစ်ကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အလုပ်သမားများထံမှ ကျန်းမာရေးအာမခံဟုဆိုကာ လစဉ် လစာထဲမှ ဖြတ်သော်လည်း ယခုအချိန်အထိ ကျန်းမာရေးအာမခံနှင့်ပတ်သက်သော စာ ရွက်စာတမ်းများ မပေးကြောင်း၊ အလုပ်သမားများကို အကြောင်းအမျိုးမျိုးပြအလုပ်ထုတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ “အလုပ်သမားတွေဆိုလည်း အပြစ်မရှိ အပြစ်ရှာထုတ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကြတော့လည်း ပိုက်ဆံကို တန်းရှင်းမပေးဘဲ မောင်းထုတ်ခံနေရပါတယ်။ ခုချိန်ထိ အပြင်မှာ ပိုက်ဆံရှင်းမပေးတော့ စက်ရုံအပြင်မှာ အခန်းငှားစောင့်ရတဲ့လူတွေ ရှိကြသေးတယ်။

ပိုက်ဆံမရှိတဲ့သူဆိုရင် အတော်လေး ဒုက္ခရောက်ကြတယ် အလုပ်ထုတ်ခံရပြီး ပိုက်ဆံရှင်းမပေးတော့။ သူဌေးပြောင်း နာမည်ထုတ်ဖို့ကို အရင် စက်ရုံမှာ အလကားထုတ်ပေးတယ်။ အခုက အဲလို မဟုတ်တော့ဘူး။ ပိုက်ဆံပေးရတယ် တစ်လစောင့်ရပြန်တယ်” ဟု စက်ရုံအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *