ငပုရဲ့ ကံဇာတာ ဗေဒင်မေးစရာမလိုဘူး

ငပုရဲ့ ကံဇာတာ ဗေဒင်မေးစရာမလိုဘူး

မင်းအောင်လှိုင် ရှိနေချိန် မန္တလေးက ပြိုလက်စ နန်းမြို့ရိုး ထပ်ပြို၊ အမရပူရ ကျောက်တော်ကြီးဘုရား မိုးကြိုးထိမင်းအောင်လှိုင် သွားခဲ့တဲ့ ကျောက်တော်ကြီးဘုရားနဲ့ နေရာလွဲပြီး မိုးကြိုးထိတာဖြစ်၊သီပေါမင်း နန်းကျစဉ်ကလည်း မန္တလေး ကျောက်တော်ကြီးဘုရားနဲ့ နန်းပြဿဒ် မိုးကြိုးထိဟုဆို

ဩဂုတ် ၂၈

မန္တလေးမြို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ လာရောက်ချိန် ဩဂုတ်လ(၂၆)ရက်မှာ ယခင်ပြိုလက်စ မန္တလေးနန်းမြို့ရိုး ထပ်မံ ပြိုကျသလို ဩဂုတ်လ(၂၇)ရက်မှာလည်း အမရပူရမြို့နယ် ကျောက်တော်ကြီးဘုရား မိုးကြိုးထိမှန်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၂၆)လမ်း ကျုံးတောင်ဘက်ခြမ်း၊ လမ်း(၇၀)နဲ့ (၇၁)လမ်းကြားက နန်းမြို့ရိုးဟာ ၂၀၂၃၊ အောက်တိုဘာလ(၁)ရက်က ပြိုကျခဲ့ပြီး မင်းအောင်လှိူင်နဲ့ အပေါင်းအပါတွေ မန္တလေးရောက်နေချိန် ယခု ဩဂုတ်လ(၂၆)ရက်မှာ ထပ်မံ ပြိုကျတာလို့ ဆိုပါတယ်။

ပထမအကြိမ် မန္တလေး နန်းမြို့ရိုးပြိုချိန်က သရဲခို ခြောက်ခုစာ ပြိုကျခဲ့ပြီး စစ်အုပ်စုက အဲ့ဒီ ပြိုကျတဲ့နေရာကို ပြုပြင်နေချိန် ယခု ထပ်မံ ပြိုကျတာဖြစ်ပါတယ်။အဲ့ဒီ နန်းမြို့ရိုးမှာ အက်နေတဲ့ နေရာတွေလည်း ရှိပြီး ဆက်လက် ပြိုနိုင်ဖွယ်ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။”အခု ပြိုကျတဲ့ နေရာက လမ်းနံပါတ်နဲ့ဆိုရင် လမ်း(၇၀)နဲ့ (၇၁)လမ်းကြားလောက်မှာ ကျတယ်။ အဲဒီရဲ့ အနောက်ဘက်မှာ ထပ်ပြိုကျမယ့် အရိပ်ယောင်တွေ ရှိတယ်။ ပြင်ဖို့လည်း အုတ်တွေ အများကြီး ပုံထားတာ တွေ့ရတယ်။ အရင်က ပြင်ထားတဲ့ လက်ရာတွေဆို ဘာရှေးဟောင်း လက်ရာမှ မကျန်တော့ဘူး။ အကုန် ဖြစ်သလို လုပ်ထားတာ” လို့ မြို့ခံတစ်ဦးက ဝေဖန်ပါတယ်။

လက်ရှိ ပြိုကျတဲ့ နန်းမြို့ရိုးပေါ်မှာ စစ်အုပ်စုက လုံခြုံရေး အကြောင်းပြပြီး သဲအိတ်တွေ အများအပြား တင်ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။စစ်အာဏာသိမ်းပြီးနောက် မန္တလေး နန်းမြို့ရိုးအနီး စစ်အုပ်စုက မြက်ပင်တွေ စိုက်ပျိုးကာ ရေ အလွန်အကျွံ ပက်ဖြန်းတာကြောင့် မြို့ရိုးအောက်ခြေမှာ ရေဓာတ်စိမ့်ဝင်နေတဲ့ ပုံတွေနဲ့တကွ ရှေးဟောင်း သုတေသန ပညာရှင်တွေက မကြာခင် မြို့ရိုးပြိုကျလိမ့်မယ်လို့ ဝေဖန်ခဲ့ပြီး မကြာခင်မှာပဲ နန်းမြို့ရိုး ပြိုတာ ဖြစ်ပါတယ်။မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ မန္တလေးရောက်နေချိန်နဲ့ တိုက်ဆိုင်စွာပဲ ပြိုလက်စ နန်းမြို့ရိုး ထပ်ပြိုတာ ဖြစ်ပြီး အာဏာသိမ်း စစ်အုပ်စု ပြိုကျမယ့် အတိနမိတ်အဖြစ် မြို့ခံတချို့က မှတ်ယူပါတယ်။

ဒါ့အပြင် ဩဂုတ်လ(၂၇)ရက် ညနေ(၅)နာရီဝန်းကျင်မှာလည်း အမရပူရမြို့နယ်၊ ဦးပိန်တံတား အရှေ့ထိပ်ရှိ ကျောက်တော်ကြီး ဘုရား မိုးကြိုးပစ်ခံရကာ စိန်ဖူးတော် မြေခခဲ့ပါတယ်။နေပူပြင်းရာကနေ ရုတ်တရက် မိုးရွာကာ အမရပူရ ကျောက်တော်ကြီးဘုရား မိုးကြိုးထိတာ ဖြစ်ပြီး ဝင်းလက်တဲ့ လျှပ်စီးအရောင်ကို အဝေးက မြင်ရသလို မိုးကြိုးပစ်သံလည်း အလွန်ကျယ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေဟာ ဩဂုတ်လ(၂၆)ရက်က မန္တလေးတောင်ခြေက ကျောက်တော်ကြီး ဘုရားကို သွားရောက်ခဲ့ပြီး နောက်ရက်မှာ အမရပူရမြို့က ကျောက်တော်ကြီးဘုရား မိုးကြိုးပစ်ခံရတာ ဖြစ်ပါတယ်။

မြန်မာပြည်ကို အင်္ဂလိပ်တွေ သိမ်းလို့ သီပေါမင်း ပါတော်မူစဉ်ကလည်း နန်းပြဿဒ်နဲ့ မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရား မိုးကြိုးထိမှန်ခဲ့တယ်လို့ မန္တလေးမြို့ခံ ရဟန်းတစ်ပါးက မိန့်ကြားပါတယ်။မန္တလေးကို မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ လာရောက်ချိန် ပြိုလက်စ နန်းမြို့ရိုး ထပ်မံ ပြိုကျလို့ စစ်အုပ်စုက ပြုပြင်နေမှုနဲ့ အမရပူရမြို့က ကျောက်တော်ကြီးဘုရား မိုးကြိုးထိမှန်ကာ စိတ်ဖူးတော် မြေခစဉ်/Photo – CJ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *