လောက်ကိုင်မြို့ထဲမှာဝရုန်းသုန်းကားဖြစ်နေပီ

ကိုးကန့် MNDAA တပ်ဖွဲ့က လာရောက်တိုက်ခိုက်ရန် ရှိနေသဖြင့် လောက် ကိုင်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များက စစ်ပြင်ဆင်နေကြပြီး စားသောက်ကုန် စျေးနှုန်းများ တဟုန်ထိုးတက်ကာ ၀ရုန်းသုန်းကားဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များက စစ် တိုက်ရန် ပြင်ဆင်နေကြပြီး အစား အသောက်ကြိုတင်စုဆောင်းမှုများ၊ မြိုု့မှ ထွက်ပြေးသူများဖြင့် ဝရုန်းသုန်းကားဖြစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

လောက်ကိုင်မြို့ပေါ်ရှိ ဟိုတယ်များတွင် ဂိတ်အဝင်အ၀များကို အုတ်များဖြင့် ပိတ်၍ ပြည်သူ့စစ်များက ဟိုတယ်တစ်ခုလုံး ပတ်ပတ်လည်တွင် တပ်စွဲထား ကြောင်း၊ စစ်တပ်ကလည်း လမ်းဆုံးလမ်းခွများရှိ တိုက်အမြင့်များပေါ်တွင် နေရာယူပြီး စစ်ပြင်ဆင်နေကြကြောင်း၊ လောက်ကိုင် ဒကစ အတွင်းတွင်လည်း စစ်ပြင်ဆင်နေပြီး ဒကစ ဝင်းအတွင်း ပတ်ပတ်လည်တွင် မိုင်းများစွာ ထောင် ထားကြကြောင်း သိရှိရသည်။

လောက်ကိုင်မှာ ပြည်သူ့စစ်တွေ ယူနီဖောင်းမဝတ်တော့ဘူး။ အရပ်ဝတ်တွေနဲ့။ ကျားဖျန့် ဟိုတယ်တွေက ငှားထားတဲ့ ပြည်သူ့စစ်တွေက တချို့ဟိုတယ်တွေမှာ လုံခြုံရေး အပြည့်အ၀ ယူနေကြပြီ။ ဟိုတယ်တော်တော်များများမှာ ပြည်သူ့ စစ်နဲ့ စစ်တပ် နေရာယူထားကြတာ။ တချို့ဟိုတယ်တွေဆိုရင် အဝင်အ၀ကိုပါ အုတ်တွေနဲ့ အသေပိတ်ပြီး ဟိုတယ်ပေါ်ကနေ ပစ်ခတ်ဖို့ ပြင်ဆင်နေကြတယ်။ လမ်းဆုံလမ်းခွ အထပ်မြင့်တိုက်တွေမှာ စစ်တပ်တွေက စနိုက်ပါတွေနဲ့ နေရာ ယူထားကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် MNDAA ကိုးကန့်တပ်များ လာရောက်တိုက်ခိုက်ရန် ရှိနေသဖြင့် ပြည်သူများ လောက်ကိုင်မြို့မှ ထွက်ခွာနေကြပြီး တရုတ်ပြည်ဘက်သို့ ကူးနေကြ ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့စစ်များက တရုတ်ပြည် ဘက်သွား ရောက် တိမ်းရှောင်သူများကို တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၁၅၀၀ အတင်းအကျပ် တောင်းခံနေကြောင်း သိရှိရသည်။

“ရန်လုံကျိုင်းဂိတ်မှာ တရုတ်ပြည်ဘက်ကို သွားရောက်တိမ်းရှောင်တဲ့ ကိုးကန့် ဒေသခံတွေဆီကနေ တရုတ်ယွမ်ငွေ ၁၅၀၀ ကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ် တွေက ကောက်နေတယ်။ နေ့စဉ် အနည်းဆုံး လူ ၁၀၀ ကနေ ၅၀၀ လောက် တရုတ်ဘက်ကို ကူးပြီး စစ်ဘေးရှောင်ဖို့ လုပ်နေကြရတာ” ဟု ဒေသပြည် သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် လောက်ကိုင်မြို့တွင် များမကြာမီ စစ်ဖြစ်ပွားမည့် အခြေအနေရှိနေ၍ အစားအသောက်များ ဝယ်ယူစုဆောင်းခြင်း၊ သိုလှောင်ထားခြင်း ဖြင့် ကုန် ပစ္စည်း များ ပြတ်လပ်ကာ စျေးနှုန်းများပါ မြင့်တက်နေကြောင်း သိရှိရသည်။

” လောက်ကိုင်မှာ အခု စားသောက်ကုန်တွေ ဝယ်မရတော့ဘူး။ ပြတ်လပ် တာပေါ့။ ဆန်တစ်အိတ်ကို တရုတ်ငွေ ၁၀၀၀ ယွမ် ဖြစ်နေပြီ။ ဒါတောင် ဝယ်မရတော့ပါဘူး။ အလုပ်လာလုပ်တဲ့ မြန်မာပြည်သူတွေလည်း ကိုယ့်ရပ် ကိုယ့်ဒေသ ပြန်ချင်ပေမယ့် ပြန်လို့မရတော့ဘူး။ လမ်းတွေကလည်း ပိတ်သွားပြီ။ သူဌေးတွေက အကုန်ဝယ်သိုလှောင်ကြတာ။ အဆင်မပြေတဲ့ မြန်မာပြည်သူတေ ဝယ်မစား၊ ဝယ်မစုဆောင်းနိုင်ကြဘူး။ လောက်ကိုင်မှာ ညနေ ၆ နာရီနောက်ပိုင်းထွက်မရတော့ဘူး။ လောက်ကိုင်မြို့ပေါ်တော့ တိုက်ပွဲ မဖြစ်သေးပါဘူး။ အနီးအနားတွေက ပစ်ခတ်သံတွေနဲ့ ချနေကြတယ်” ဟု လောက်ကိုင်တွင် ရောက်ရှိနေသော ရွှေ့ပြောင်း မြန်မာလုပ်သား တစ်ဦး ကရှင်းပြသည်။

ကိုးကန့် MNDAA က လောက်ကိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ အနေဖြင့် အလင်းဝင်ကြရန်၊ လာရောက် ခိုလှုံကြရန် တရားဝင် သတိပေးချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ဓာတ်ပုံ- လောက်ကိုင် ဟိုတယ်များတွင် စနိုက်ပါများနှင့် သေနတ် ပစ်ခတ်ရန် ပြည်သူ့စစ်များက ပြင်ဆင်ထားပြီး ဟိုတယ် အဝင်အ၀များကိုပါ အုတ်များဖြင့် အသေပိတ်ကာ စစ်ပြင်ဆင်နေကြပြီဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *