ဘန်ကာများအတွင်း ပုန်းအောင်း ခုခံသော ဘဘသားများကို ရှင်းလင်း (ရုပ်/သံ)

ကိုးကန့် MNDAA က စစ်ကောင်စီတပ် စခန်းများကို သိမ်းယူစဉ် လက်နက်မချဘဲ ဘန်ကာများအတွင်း ပုန်းအောင်း ခုခံသော စစ်သားများကို တိုက်ခိုက်ရှင်းလင်း (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆငရေး ၃ ရက်အတွင်း ကိုးကန့် MNDAA က သိမ်းယူထားသော စစ်ကောင်စီတပ်စခန်း ၅၇ ခုအထိရှိလာ ပြီး အဆိုပါ စခန်းများ သိမ်းယူစဉ် လက်နက်မချဘဲ ဘန်ကာများအတွင်း ပုန်းအောင်း ခုခံသော စစ်သားများကို တိုက်ခိုက်ရှင်းလင်းရမှုများရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)က အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်အထိ ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်စသည့်နေရာများရှိ စစ်ကောင်စီ တပ်စခန်း ပေါင်း ၁၁ ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်သုံ့ပန် ၁၀ ဦးဖမ်းဆီးရရှိခဲ့ကြောင်း၊ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ ၅၇ခုရှိခဲ့ ကြောင်း ထုတ်ပြန်သည်။

MNDAA က စစ်တပ် စခန်းများ သိမ်းယူစဉ် ဘန်ကာများအတွင်း ပုန်းအောင် ခုခံသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းလင်းရသည့် ဗီဒီယိုကို ပေးပို့လာသဖြင့် ပြန်လည် တင်ပြအပ်ပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *