လမ်းဘေးအိပ်နေသော ချောင်းခွကျေးရွာ အုပ်ချုပ်ရေးမှူး

အုတ်ဖိုမြို့နယ်တွင် တိမ်းရှောင်နေသော ချောင်းခွကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်ကျော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သရက်နျစ်ဖျားလိန်ကျေးရွာအုပ်စု၊ ချောင်းခွ(ကေ) ကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးမြင့်ကျော်ကို ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွား ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၁၁ နာရီခန့်က အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာ အုပ်စု၊ ချောင်းခွ(ကေ)ကျေးရွာနေ အုပ်ချုပ်ရေးမှူး မြင့်ကျော် သည် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ထားခံရသဖြင့် ပုန်းရှောင်နေရာမှ နေအိမ်သို့ ပြန်လာပြီး ဇနီး ဖြစ်သူနှင့်အတူ ကျေးရွာထိပ်သို့ ဆိုင်ကယ်စီးထွက်လာစဉ် ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် မြင့်ကျော်မှာ ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားကြောင်း သိရသည်။

“မြင့်ကျော်နဲ့ သူ့မိန်းမ ဆိုင်ကယ်စီးပြီး ထွက်လာတာကို ရွာထိပ်ကနေ စောင့်နေခဲ့တာ၊ ကျနော်တို့ကို လည်းတွေ့ရော မြင့်ကျော်က သူ့မိန်းမနဲ့ ဆိုင်ကယ်ကိုထားပြီး ထွက်ပြေးတာ၊ အဲဒါကြောင့် ပစ်ခတ်လိုက် ရတာ၊ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်၊ သူ့မိန်းမကို အိမ်ပြန်ဖို့ အတင်းပြောလွှတ်လိုက်တယ်၊ ကျနော် တို့မှာက မဆိုင်တဲ့သူကို မလုပ်ပါဘူး၊ ကျင့်ဝတ်ကို အကုန်လုံးက လိုက်နာကြပါတယ်၊ မြင့်ကျော်ကို ပစ် ခတ်ရှင်းလင်းပြီးတော့ စစ်ခွေးတွေရောက်လာပြီး အလောင်းကို အုတ်ဖိုဆေးရုံသယ်သွားပါတယ်” ဟု သာယာ ဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးမြင့်ကျော်သည် သေနတ်နှင့်လက်ပစ်ဗုံး ကိုင်ဆောင်ခွင့်ရထားပြီး ပစ်ခတ် ရှင်းလင်းချိန် လက်နက်များ ပါရှိလာခြင်းမရှိသဖြင့် ဆိုင်ကယ်ကိုသာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျား တပ် ဖွဲ့- အုတ်ဖို ၏ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး မြင့်ကျော်သည် ဒေသနေ လူငယ်များအား ရဲနှင့် စစ်တပ်ထဲ ဝင်ရန် စည်းရုံး၍ စကစအတွက် အင်အားစုဆောင်းပေးခြင်း၊ စကစ များထံ တော်လှန်ရေး ရဲဘော် များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ ဒေသနေ ပြည်သူ များကို စကစ အရာရှိများ ရဲအရာရှိများနှင့် ပေါင်း၍ ၄င်းတို ထုတ်ပေးထားသည့် သေနတ် နှင့် လက်ပစ် ဗုံး ပြ၍ လက်နက်အားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေခြင်းတို့ ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သာယာ ဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်းက ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *