အရက်ဖိုးလေးရှင်းသွားရဲ့လား

ဒီပဲယင်းမြို့ပေါ်ရှိ အရက်ဆိုင်ထိုင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြောင်မြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်တွင် အရက်ဆိုင်ထိုင်နေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Northern Tigers Group (NTG) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ဒီပဲယင်း မြို့ပေါ်ကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်သားများသည် အရက်ဆိုင်၌ အရက်ထိုင်သောက်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw (မောင်းသူမဲ့လေယာဉ်) များဖြင့် ဗုံးသီး ၂ လုံး ကျဲချခဲ့ပြီး စစ်တပ်ဘက်မှလည်း ၆၀ မမ လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထိခိုက်ဒဏ်ရာရရှိထားသော စစ်သား ၁ ဦးကို ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးဘက်ကို စစ်ကြောင်း ပြန်လှည့်သွားပြီး အထမ်းများဖြင့် ပြန်သယ်သွားကြောင်း သိရှိရသည်။

” ကျွန်တော်တို့ ဒရုန်းနဲ့ တိုက်ခိုက်တာက စစ်ခွေးတွေ အရက်ဆိုင်မှာ အရက်သောက်နေတုန်း အရက်ဆိုင်ကို ဒရုန်းနဲ့ ဗုံးသီး ချတိုက်ခိုက်ခဲ့တာ စစ်ခွေး ၁ ကောင်သေပြီး ၁ ​ကောင်ဒဏ်ရာရတယ်” ဟု Northern Tigers Group (NTG) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (NTG) နှင့်အတူ မဟာမိတ် ညီအကိုများဖြစ်သော Farmer Hero(Khin U) ၊ 96 Soldierတပ်ခွဲ TTA people defense force ၊ Black Eagle Local PDF ၊ Saviour Revolution Force နှင့်အတူ နယ်မြေ ကာကွယ်ရေးအဖွဲ့များက ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သုခဒီပကျေးရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike ထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ရေစကြိုမြို့နယ်မှ မြောင်မြို့နယ် ၊ သုခဒီပကျေးရွာအတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၁၀ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ် ရာရရှိမှုများစွာ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike ၊ Shar Htoo Waw နည်းပညာ(Team2)၊ ညောင်ဦးခရိုင်ဒရုန်းတပ်ဖွဲ့၊ MHL Wing ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ၊ မြင်းခြံခရိုင်(ပကဖ) ၊ မြောင်မြိုနယ် ကျေးရွာ တပ်ပေါင်းစု ၊ Thway Thauk Revolution Forces၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊မြင်းခြံခရိုင်တပ်ရင်း ၂ ၊ မြင်း ခြံခရိုင်တပ်ရင်း ၃ ၊ မြင်းခြံခရိုင်တပ်ရင်း ၄ ၊ မြင်းခြံခရိုင်တပ်ရင်း ၅(MGN 35) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *