မြောင်လည်းမုန့်ဟင်းခါးတွေချက်နေပီ ၂၁ပွဲ

မြောင်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်တိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံး

နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးပြီး ရုံးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်အချိန်မှ ည ၁၀ နာရီ ၄၅ မိနစ်အချိန်အထိ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်း နှင့် အထွေထွေအုပ် ချုပ် ရေးမှူးရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ များပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ရာ

စစ်တပ် လက်အောက်ခံ ရဲ ၁၉ ဦး၊ စစ် သား ၂ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးဒဏ်ရာရှိခဲ့ပြီး တစ် ဦးစိုးရိမ်ရကြောင်း သိရသည်

“ဒရုန်းနဲ့ရော မြေပြင်ကပါ ပူးတွဲတိုက်ခိုက်ခဲ့တာပါ၊ အဆောက်အအုံတွေတော့ အကုန်ပျက်စီးပါတယ်၊ ကျနော်တို့ဘက်က ၆ လက်ဒရုန်း တစ်စီးတော့ ဆုံးရှုံးသွားတယ်၊ ၈ ယောက်ဒဏ်ရာရပါတယ်၊ တစ်ဦးက‌ တော့ ဦးနှောက်ထိထားလို့ လက်က လှုပ်မရဘူးဖြစ်နေတာ၊ စိုးရိမ်ရတဲ့အနေအထားပါဗျ” ဟု မြောင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောကြားသည် ။

အဆိုပါတိုက်ခိုက်မှုကို ၊ CDSOM နှင့် ဆင်ရိုင်းစစ်ကြောင်းမှ မင်းယက္ခစစ်ကြောင်း၊ မြင်းခြံခရိုင် ရင်း၂ မှ သကြား စစ်ကြောင်း၊ စဉ့်ကိုင် ပကဖ မှ ဘယ်ကျော်စစ်ကြောင်းတို့ ၂ ရက်ကြာ ကြိုတင်ပြင်ဆင်ကာ ဦး ဆောင်ပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM၊ မြင်းခြံခရိုင်တပ်ရင်း ၂၊ ဆင် ရိုင်းစစ်ကြောင်း – မြောင်၊ စဉ့်ကိုင် ပကဖ၊ BGF မြင်းခြံ၊ MRF (စားဖို )မြောင်၊ ဒေါင်းညီနောင်၊ CRF မြင်း မူ၊ ဇေယျာရွှေမြေ -စစ်ကိုင်း၊ 11 Brother Force၊ LACR မြင်းခြံ၊ YOUNG MAN မြင်းခြံ၊ နောင်ရိုး- ငါန်း ဇွန်၊8 STAR မြင်းခြံ၊ ဒေါင်းစစ်သည် ၊ WOLD BROTHER၊ Shwe Ao Revolution Force ၊ Justice Revolution Force ၊ 9 Brother Force ၊ မြောင်မြို့နယ် ပလဖ ၊ CDSOM ၀၀၁ ဒရုန်းအဖွဲ့၊ ဒေါက်တာ ဖီးနစ်ဆေးတပ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မန္တလေး ခရိုင်တပ်ရင်း၆ ၊ MUA ၊ကျေးရွာတပ် ပေါင်းစု ၊ ကိုဖောင်းဒိုင်းအဖွဲ့ – မန္တလေးအဖွဲ့တို့ တပ်ကူလာရောက်ပေးခဲ့ကြောင်း၊ ခဲယမ်းထောက်ပို့ အနေဖြင့်၊ မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ M2Wမှ 5.56 ကျည် ၃၀၀၊ 7.62ကျည် ၃၀၀ တောင့် နှင့် ပထိမ်သီး ၅ လုံး၊ မြောင် ပကဖမှ 7.62ကျည် MRFသို့ ၁၀၀ တောင့် တို့ထောက်ပို့ပေးခဲ့ပြီး CDSOM 007 ၊ CDSOM အားမာန်စစ်သည်၊ CDSOM 012 ၊ CDSOM နတ်မြင်းအဖွဲ့တို့က သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *