ရေဘဝဲ မီးခိုးတွေအူသွားတာပဲ(ရုပ်သံ)

စစ်ကောင်စီဗျူဟာမှူးလိုက်ပါလာသောရေယာဉ်ကို KIA နှင့်PDFပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊ ရေယာဉ်မီးလောင်ထွက်ပြေး

ထီးချိုင့်မြို့မှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို ကသာမြို့နယ်တွင် KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ရာ

ရေယာဉ် မီးလောင်ပျက်စီးပြီး ငါးဦးထက်မနည်း သေဆုံးကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်

အထက်ပါPDFက ” ဗျူဟာမှူးအပြောင်းအရွေ့လုပ်ဖို့ လာတဲ့ သံခွန်နှစ်စီးကို တိုက်တာ ပထမ‌နေ့( နိုဝင်ဘာလ ၃ရက်) က တစ်စီးထိပြီး နောက်ကြောင်းပြန်သွားတယ်။ နောက်ရက်ထက်တက်လာတာကို ချတာ။ အင်ဂျင်ခန်းမီးလောင်ပြီးထွက်ပြေးသွားတယ်”ဟု ပြောသည်

KIA နှင့်မိုးတားတိုက်နယ် ပကဖကတို့က နိုဝင်ဘာလ ၃ရက်နှင့် ၄ရက်တွင် နှစ်ရက်ဆက် စစ်တပ်​ရေယာဥ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်တွင် ၁၃ ဦးထက်မနည်းဒဏ်ရာရခဲ့ပြီး ယင်းတို့ထဲမှ ငါးသေဆုံးကြောင်း သတင်းရရှိသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

တိုက်ခိုက်ခံရသော ရေယာဉ်နှစ်စီးထဲမှ တစ်စီးသည် ကချင် ပြည်နယ် ရွှေကူမြို့သို့ ရောက်ရှိသွားကြောင်းသတင်းရရှိသည်။

(စစ်​ကောင်စီတပ်​ရေယာဥ်ကို​တော်လှန်​ရေးအဖွဲ့ တိုက်ခိုက်စဥ်။ ရုပ်သံ-ကသာ ပကဖ )

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *