ကျွန်းလှမြို့မှာလည်း ဌာနဆိုင်ရာ ဝန်ထမ်းများ တိမ်းရှောင်နေ

ကျွန်းလှမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ အဖြစ် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ တိမ်းရှောင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲအဖြစ် လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ဌာနဆိုင်ရာဝန်ထမ်းများ တိမ်းရှောင် ထွက်ပြေးနေကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ကျွန်းလှမြို့နယ်ထဲရှိ ဌာနဆိုင်ရာ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများသည် မြို့သိမ်းမည်ကို စိုးရိမ်၍ ပုန်းခိုရန် အိမ်နေရာများ လိုက်လံရှာဖွေနေကြကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ကျွန်းလှမြို့က ဌာနဆိုင်ဆိုင်ရာဦးစီးအရာရှိတွေနဲ့ ဝန်ထမ်းတွေကတော့ မြို့သိမ်းတော့မယ် ဆိုတဲ့သတင်းတွေကြောင့် ပြာပြာသလဲ ပုန်းဆိုစရာအိမ်ကောင်းကောင်းတွေ လိုက်ရှာနေကြတယ်ဗျာ။ တချို့ပြည်သူတွေကလည်း မြို့ခဏပြောင်းနေကြမယ်ဆိုပြီး လိုင်းကားတွေနဲ့ ထွက်ကြတော့လည်း မြို့ထွက်ပျူဂိတ်တွေက အထွက်မခံကြဘူးတဲ့ဗျာ။ ရဲမိသားစုတွေကတော့ ၆၀၀၆ တပ်ကို ပို့လိုက်ပြီလို့သတင်းရတယ်ဗျ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လက်ရှိအချိန်တွင် ကျွန်းလှမြို့တွင် ဈေးဆိုင်အချို့မှာ ပိတ်ထားကြပြီး ပြည်သူအချို့မှ ပြောင်းရွှေ့မှုများ လုပ်ဆောင်လိုသော်လည်း ပျူစောထီးများက အထွက်မခံကြကြောင်း၊ ပြည်သူများမှာ ဆေးဝါးနှင့် ကြာရှည်ခံစားစရာများ စုဆောင်နေကြကြောင်း သိရှိရသည်။

“တချို့ဆိုင်တွေကတော့ပိတ်ထားကြတယ်။ တချို့ကတော့ ဖြစ်လာမှပဲနေရာရွှေမယ်ပြောနေကြတယ် ။ အခုလောလောဆယ်တော့ မြို့ပေါ်မှာတော့ ရိတ်ခါစုတဲ့အနေနဲ့ ဆေးဝါးနဲ့ ကြာရှည်ခံစားစရာတွေစုနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *