စခန်းကိုတည့်တည့်လာတော့ ဗျင်းခံရတာပေါ့

မင်းလှမြို့နယ်၊ ရှားတောရဲကင်းစခန်း အနီး၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၁ ဦး

ရန်ကုန်၊ နိုဝင်ဘာ ၉

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ရှားတောရဲကင်း စခန်းဟောင်း အနီး၌ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမ အပိုင် ရှားတောရဲ စခန်းဟောင်း၌ ယာယီအထိုင်ချထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အင်အား ၄၃ ဦးပါ အကြမ်းဖက်စစ်သားများက လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် စခန်းအတွင်းရှိ PDF ရဲဘော် လူကုန် စောင့် ဆိုင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ သေဆုံးစစ် သားအလောင်းများကို ဆွဲထုတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

“ဒီတစ်ခါ တိုက်ပွဲက အကြာဆုံးပဲ၊ ၂ နာရီကျော်ကြာတာ၊ ကျည်ဆံလဲ အကုန်ဆုံးပွဲပဲ၊ အရင်က တိုက် တာလူ မစုံဘူး၊ စစ်ခွေးလာတိုက်မှပဲ လူစုံတိုက်ရတော့တယ်၊ တိုက်ခိုက်ရတာ အားရပြီး ရဲဘော်တွေ ပျော်နေကြတယ်၊ ခွေးကောင်က စခန်းကို အရင်တည့်လာတာ၊ လာလာချင်းစောင့်ပစ်တာ၊ ပွဲချင်းပြီး သေတယ်၊ တခြားဒဏ်ရာရတဲ့သူတွေထဲကလည်း ထပ်သေဆုံးမှာ၊ ဟိုင်းယုလမ်းဆုံကနေ လာတဲ့ စစ်ခွေး တွေပါ၊ သူတို့ပဲ လာတိုက်ပြီး သူတို့ပဲ ခွေးပြေးပြေးတာပဲ၊ တကယ်လဲပစ်ရော အလောင်းတွေကို အရ သယ်ပြီးပြေးတာ၊” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရဲဘော်များက ဝိုင်းဝန်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွား ရာနေရာကို နယ်မြေရှင်းလင်းစဉ် ပြည်သူများထံမှ ခိုးယူလာသည့် ဂစ်တာ တစ်လက်၊ ရေနံဆီ တစ်ဗူး၊ ဓားတစ်ချောင်း၊ ခမောက်၊ ဆယ်လူလာ ဖုန်း တစ်လုံး၊ တောစီးဖိနပ်တစ်ရံနှင့် ကျည်ခွံများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရ သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Special Defence Force (SDF -LPDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းက ဆားတောင်ရွာမှာ စစ်ခွေးတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ စစ်ခွေး ၁ ကောင်သေပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးတယ်” ဟု Special Defence Force (SDF -LPDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *