ဆော်လို့ကောင်းတာပေါ့အစုလိုက်လေးဆိုတော့

ဒီပဲယင်းမှာ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေနဲ့ ပျူစောထီးများ ရေဦးမြို့ကို ပြောင်းရွှေ့နေ

++++++++++++++++++++++++++

နိုဝင်ဘာ၊ ၁၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှ Non CDM များ အပါအဝင် ပျူမိသားစုတွေဟာ ရေဦးမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က စတင်ပြီး ပြောင်းရွေ့နေကြကြောင်းကို ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

ခင်ဦးမြို့ အနောက်ခြမ်း ပျဉ်ထောင်ရွာ၊ ရွာသစ်ကုန်းရွာမှ ပျူတွေဟာ မိသားစုလိုက် ပြီးခဲတဲ့ နိုဝင်ဘာလ ၄ ရက်နေ့ထဲက ရေဦးမြို့ကို ပြောင်းရွေ့နေကြတာ ဖြစ်ပြီး အရေအတွက် ထက်ဝက်လောက်ကို ပြောင်းရွေ့ပြီးပြီးလို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်လောက်ကနေ စပြီး အင်အား ၈၀ လောက်နဲ့ စတင်ထွက်ခွာလာတဲ့ ကျားဘီလူး စစ်ကြောင်းဟာ ရေဦးမြို့အနောက်ခြမ်း ကားလမ်းမဘေးမှာရှိတဲ့ မုတ်ဆီရွာနဲ့ မူးစုံ ရွာတွေမှာ အထိုင်ချထားဆဲလို့ သိရပါတယ်။

“ကားလမ်းဘေးပေါ့နော် ရေဦးနဲ့ ဒီပဲယင်းကြားမှာရှိတဲ့ ကားလမ်းကို သူတို့အပိုင်စီးထားတယ်။ ဒီပဲယင်းကနေ Non CDM ဝန်ထမ်းတွေရယ် သူတို့မိသားစုအပါအဝင်ပေါ့နော်၊ ပျူမိသားစုတွေ ရေဦးကိုပြောင်းလာတာကို သူတို့က လုံခြုံရေးယူပေးနေတာပေါ့၊ တော်လှန်ရေး အင်အားစုတွေ သိရင် မိုင်းဆွဲတိုက်ခိုက်မှာ စိုးလို့လေ သူတို့ပြောင်းရွေ့နေတုန်းကို” လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က “မောင်း”ကို ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ တော့မုံရွာ(နမခ) ကMi 17 ရဟတ်ယာဉ်နဲ့ ရေဦးမြို့ပေါ်ကို ဆင်းကာ လက်နက်၊ ခဲယမ်း အင်အားများ ဖြည့်တင်းသွားတယ်လို့ ၎င်းကပြောပါတယ်။

လက်ရှိမှာတော့ ရေဦးမြို့ အဝင်အထွက်တွေမှာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ ဆောက်ကာ အင်အားအပြည့်ဖြင့် လုံခြုံရေးယူထားပြီး မြို့ထဲရှိ အထပ်မြင့် အဆောက်အဦးတွေမှာလည်း နေရာယူ တပ်စွဲထားတယ်လို့ သိရပါတယ်။

မြို့အဝင်အထွက်လည်း ပိတ်ထားကာ အစစ်အဆေး အရမ်းတင်းကြပ်နေတာကြောင့် ပြည်သူတွေမှာ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

ရေဦးမြို့ကနေ လက်နက်ကြီးနဲ့ နေ့စဉ်ရမ်းသမ်း ပစ်ခတ်နေတာကြောင့် အနီးအနားရှိ ကျေးရွာပေါင်း ၁၅ ရွာလောက်မှ စစ်ဘေးရှောင် ၁သောင်းခွဲကျော်လောက်ဟာ နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာကို ရှောင်တိမ်းနေရဆဲဖြစ်ပါတယ်။

Photo- စစ်ကိုင်းတိုင်း အတွင်းမှ ပျူစောထီးများ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *