မဂ်လာရှိလိုက်တာ မြိုင်မြိုင်ဆိုင်ဆိုင်ဘဲဟေ့တောင်ပုံ ယာပုံ အလှူကြီး

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံပြီး လက်နက် ၃၀ ကျော် အပါအဝင် ခဲယမ်းများ တောင်ပုံယာပုံရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ၊ ရိခေါဒါရ်မြို့သိမ်းပိုက်ခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံပြီး လက်နက် ၃၀ ကျော် အပါအဝင် ခဲယမ်းများ တောင်ပုံယာပုံရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူခဲ့ကြောင်း၊ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး အညံ့ခံသူများကို စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

” ရိဒ်ခေါဒါရ်မြို့မှာက ရိဒ်စစ်စခန်းနဲ့ Tio စစ်စခန်း နှစ်ခုရှိတယ်။ အဲဒီ ၂ ခုလုံးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ရဲဘော် ၅ ဦးလောက် ကျတယ်။ စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနဲ့ စစ်သား ၆ ဦး လက်နက်ချတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။ နောက်တစ်ခုကတော့ လက်နက်ခဲယမ်းသိမ်းပိုက်ရရှိမှုကတော့ အရမ်းများတယ်။ ခဲယမ်း အရမ်းများများများရတယ်” ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။

ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန် သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *