စခန်းတခုသိမ်းလိုက်ပြန်ပြီဟေ့ တောင်ဇလပ်ပန်းနှံ့တွေမွှေးပျံ့နေပြီ

ဖလမ်းမြို့ရှိ သီးဘွားလ် စစ်ကောင်စီစခန်းကို CNDF သိမ်းပိုက်

စောနွေဦး/People’s Spring

ချင်းပြည်နယ်။ဖလမ်းမြို့ရှိ သီးဘွာလ် စစ်ကောင်စီစခန်းကို ယနေ့ (နိုဝင်ဘာ ၁၅ရက်) မနက်ပိုင်းက ဖလမ်းအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNDFက သိမ်းပိုက်လိုက်ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်များက​ပြောသည်။

ထိုစခန်းကို ယမန့်နေ(နိုဝင်ဘာ ၁၄) ည ၁၁နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့မနက် ၅နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စခန်းသိမ်းတိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားများထွက်

ပြေးသွားပြီး လက်နက်အများအပြားသိမ်းဆည်းရကာ စစ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုသတင်းရင်းမြစ်အချို့က​ပြောသည်။

“မကြာခင်မှာ အသေးစိပ်ကိုထုတ်ပြန်ပေးပါမယ်”ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

CNF/CNA ဦး​ဆောင်၍ ချင်းတော်လှန်ရေးတပ်ဖွဲ့များက

ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ်ခေါဒါရ်မြို့ကိုလည်း နိုဝင်ဘာ ၁၃ ရက်တွင်တိုက်ခိုက်သိမ်းပိုက်ထားသည်။

(စစ်​ကောင်စီတပ်၏ သီးဘွားလ်စခန်းကိုအ​ပေါ်စီးမှ​

တွေ့ရစဥ် နှင့်စခန်းမီး​လောင်​နေသည်ကိုအ​ဝေးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CNDF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *