တောင်ကလေးရခစခန်း နတ်နတ်သီးစာမိ ရခ ၁ကောင်ဂန့်

တောင်ကလေးရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံး

ကျိုက်မရော၊ နိုဝင်ဘာ ၁၇ ။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအနီးက တောင်ကလေးရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး (၁) ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ၊ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်မှာ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို တော်လှန်ရေး အင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့လို့ တပ်ကြပ်ကြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံကပြောပါတယ်။

“နေ့လည် ၁၁ လောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးတော့ ၃ ရစ်နဲ့ တယောက်သေသွားတယ်။ အဲ့ဒီစခန်းက လက်နက်ကြီးနဲ့ ရွာဘက်ကို ခဏခဏပစ်နေတယ်” လို့ ဒေသခံ တဦးက Rehmonnya-FM ကိုပြောပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ တောင်ကလေးရဲစခန်းဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ကျေးရွာနှင့် အနီးအနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်၊ မကြာခဏ ပစ်ခတ်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Cloud Wingsဒရုန်းတပ်ဖွဲ့ဟာ ကျိုက်မရောမြိုနယ်၊ ချောင်းနှစ်ခွတံတားနဲ့ ချောင်းနှစ်ခွရဲစခန်းသိမ်းတိုက်ပွဲ တွေမှာ ပါဝင်ပူးပေါင်းပြီး နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်နေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ တောင်ကလေးကျေးရွာအနီးက ကဒါကျေးရွာ ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တဲ့ ဒရုန်း ၁ စင်း ပျက်ကျခဲ့ကြောင်း စစ်ကောင်စီထောက်ခံ Telagram Channel မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ချောင်းနှစ်ခွကျေးရွာဘက်ကို စစ်ကူတွေမလွှတ်နိုင်တာကြောင့် လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်မှုတွေပြုလုပ်နေတာဖြစ်ပြီး နေအိမ်ထိခိုက်ပျက်စီးတာနှင့် အရပ်သားထိခိုက်တာတွေ ဖြစ်ပွားလျှက်ရှိနေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *