“မန္တလေးမြို့၊ အောင်ရွှေဆိုင် ဓားပြတိုက်ခံရ”ဒီလိုသတင်းဆို တစ်ခြားသူတွေမဟုတ်ဘူး အဘသားတွေပဲ

မန္တလေးမြိုု့၊ အောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်များအားလုံး ပါသွား၊ တိုယိုတာမတ်တူးကားအဖြူဖြင့်လာရောက် ဓားပြတိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မန္တလေးမြိုု့၊ အောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်များအားလုံး ပါသွားပြီး တိုယိုတာမတ်တူးကားအဖြူဖြင့်လာရောက် ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မန္တလေး လမ်း၃၀ ၇၂ x ၇၃ မင်္ဂလာဈေးဟောင်းမြောက်ဘက် အောင်ရွှေဆိုင်ကို လက်နက်ကိုင်ထားသော လူတချို့က Mark2 အဖြူ 2E 6723 ကားနံပါတ်ဖြင့်ရောက်ရှိလာပြီး သေနတ်ပြကာ ပစ်ခတ်မှု လုပ်ဆောင်ပြီး ရွှေထည်များအားလုံး လုယက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မိနစ်ပိုင်းအတွင်း ရွှေတွေအကုန်လုံးကို လူအင်အားများများနဲ့ လုသွားတာ။ ကားနဲ့လာတာ။ သူတို့လုယက်ပြီး မိနစ်ပိုင်းအတွင်း ရဲတွေလည်း လာတာပဲ။ အဝင်အထွက်လို့တောင် ပြောလို့ရတယ်။ တစ်ဆိုင်လုံးအကုန်ယူသွားတာဆိုတော့ ငွေကျပ် သိန်းသောင်းချီမှာပေါ့။ ဆုံးရှုံးမှုက။ လက်ရှိတော့ ရဲနဲ့စစ်တပ်က စစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရွှေဆိုင်များ၊ဘဏ်များ ဓားပြတိုက်မှုများဖြစ်ပွားတိုင်း ဖမ်းဆီးမှုများ လုပ်ဆောင်ပြီး PDF များက လုပ်ဆောင်သည်ဟုဆိုကာ သတင်းထုတ်ပြန်မှုများ မကြာခဏဆိုသလို ထုတ်ပြန်လေ့ရှိသည်။

မန္တလေးမြို့ခံတစ်ဦးကမူ မန္တလေးတွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး အလွန်တင်းကျပ်နေကြောင်း၊ ထိုသို့ တင်းကျပ်သည့်ကြားမှ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *