ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရမည်ဖြစ်၍ အချိန်မလွန်ခင် လာရောက်ပူးပေါင်းရန် ပဒိုစောတောနီး သတိပေး(ရုပ်သံ)

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ KNU လက်ချက်ဖြင့် ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရမည်ဖြစ်၍ လာရောက်ပူးပေါင်း ဘက်ပြောင်းရန် ပဒိုစောတောနီး သတိပေး

■ ဘေးကျပ်နံကျပ် ယိုယွင်းနေသော စစ်ကောင်စီကို KNU နှင့်အတူ ပြည်သူအားလုံးပူးပေါင်းတိုက်ကြရမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများ KNU လက်ချက်ဖြင့် ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရမည်ဖြစ်၍ လာရောက်ပူးပေါင်း ဘက်ပြောင်းရန် ပဒိုစောတောနီး သတိပေးပြောဆိုလိုက်သည်။

ယနေ့ KNU ဗဟိုက တရားဝင် ထုတ်ပြန်သော ဗီဒီယိုမိန့်ခွန်းတွင် ၎င်းက အ ထက် ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

“ဒီစစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေဟာ မနှေးနဲ့ အမြန် ကျွန်တော်တို့ရဲ့ လက်ချက်နဲ့ပဲ ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီလို ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေတဲ့ လူသားအချင်းချင်း ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်း ဒီလိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မမြင်ချင်ပါဘူး။ အဲဒါကြောင့်မို့လို့ အချိန်မနှောင်းခင်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးတဲ့နောက် ကျွန်တော်တို့နဲ့အတူ လက်တွဲပူး ပေါင်း ပြီး ဘက်ပြောင်းလာပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပဒိုစောတောနီးက သတိပေးသည်။

လက်ရှိတွင် စစ်ကောင်စီသည် ဘေးကျပ်နံကျပ်ဖြစ်နေပြီး အဘက်ဘက်မှ ကျဆုံး ယိုယွင်းနေကြောင်း ၊ စစ်တပ်သည် ဂဏာမငြိမ်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်သူလူထုအနေနဲ့ ဒီနေ့ ဒီကာလဟာ အကြမ်းဖက်စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးယိုယွင်းပြီး ဘေးကျပ်နံကျပ်အခြေအနေမျိုး ရင်ဆိုင်နေရပြီး လက်တွေ့အခြေအနေအားဖြင့်လည်း ဆောက်တည်ရာ မရ ဂဏာမငြိမ်အနေအထားမျိုးမှာ ရောက်နေတဲ့အပေါ်မှာ လွတ်ရာလွတ်ကြောင်းကို ထွက် ပေါက်တစ်ခုအနေနဲ့ ရှာကြံတော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံရေးအလှည့်အပြောင်းတစ်ခုအနေနဲ့ သူတို့ရဲ့ ထွက်ပေါက်ကိုရှာတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ လုံးဝတွေဝေမနေဘဲ ကျွန်တော်တို့ တော်လှန်ရေးကို ဆက်လက်ပြီး ကျွန်တော်တို့ တစ်သားတည်း စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ တိုက်ပွဲဝင်ကြဖို့ ပန်ကြားလိုပါတယ်။” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီကို နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားများ ပေါင်းစပ် ထားသော ပိုမိုပြင်းထန်သည် လှိုင်းလုံးဂယက်ကြီးများ မကြာမီ ရိုက်ခတ်မည်ဟု ၎င်းက ဆိုသည်။

“ကျနော်တို့ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကနေ အစဉ်တစိုက် တိုက်ပွဲဝင် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ တိုက်ပွဲဝင်မှုတွေဟာ ဒီကနေ့ကာလမှာဆိုရင် အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ ပေါင်းစပ်မိတဲ့အခါ အင်မတန်မှပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ စစ်ကောင်စီကို ရိုက်ခတ်နေတယ်ဆိုတာ နေ့စဉ်တွေ့နေရပြီ ဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့လည်း လာမယ့် မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂယက်ကြီးတွေနဲ့ ဆက်ကာ ဆက်ကာ ဒီအကြမ်းဖက် စစ်ကောင်စီကို ရိုက်ခတ်တော့မှာ ဖြစ်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *