တက္ကသိုလ်တက်နေတဲ့ကျောင်းသားတွေ အလှည့်ရောက်လာပြီနော် ဘပုကစာရင်းပြုနေပြီ

နိုင်ငံတော် လုံခြုံရေး အခြေအနေအရ ဟုဆိုကာ စစ်သင်တန်းတက်ထားသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်း သူများ၏ ကိုယ်ရေးအချက်အလက်များ နေပြည်တော် စစ်ရုံးသို့ အမြန်ပေးပို့ရန် စစ်ကောင်စီက လျှို့ဝှက် အမိန့်ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်လုံခြုံရေး အခြေအနေအရ ဟုဆိုကာတက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ တွင် ဖွဲ့စည်းခဲ့သော တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC) များတွင် စစ်သင်တန်းတက်ရောက်ဖူးသည့် တက္ကသိုလ် ကျောင်း သား၊ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များကို နေပြည်တော်စစ်ရုံးသို့ အမြန်ဆုံး ပေးပို့ရန် လျှို့ဝှက် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်စစ်ရုံးက ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ UTC တပ်များတွင် စစ်သင်တန်းတက်ရောက်ဖူးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မတိုင်မီအထိ ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်၊ အမည်၊ အသက် ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ပညာအရည်အချင်း၊ လူမျိုး၊ ဘာသာ၊ ဆက်သွယ်ရန် အမြဲတမ်းလိပ်စာတို့ကို နေပြည် တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပေးရန် အမိန့်ထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုက နေပြည်တော်မှာ ဝန်ထမ်းတွေအားလုံးကို စစ်ရေးဆိုင်ရာသင်တန်းတက်ဖူးသူတွေကို တပ်ခွဲတွေ ဖွဲ့ခိုင်းတယ်။ စစ်မှုထမ်းဟောင်းတွေကို ပြန်စုပြီး အချက်အလက်တွေ ကောက်နေတယ်။ အခု တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ တက်ဖူးတဲ့ စာရင်းတွေ တောင်းနေတာက လူအင်အားတွေ စုစည်းစာရင်းပြုစုနေတာ။ သိပ်မကြာခင် ဒီလူတွေကို စစ်တိုက်ခိုင်းမယ့်သဘောလို့ ပြောလို့ရတယ်။ နောက်ဆုံး စစ်မှုမထမ်းမနေရ ဥပဒေလိုမျိုးတောင် လုပ်လာနိုင်ပါတယ်။ စစ်တပ်ဘက်မှာတော့ အင်အားပြုန်းတီးနေတာကတော့ အမှန်ပါပဲ” ဟု နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင်အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးပါဝင်သော တပ်ခွဲများ နှစ်ရက်အတွင်း အမြန်ဖွဲ့စည်းရန် စစ်ကောင် စီ က လျှို့ဝှက် ညွှန်ကြားထားကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက်တွင် ဌာနအလိုက် ဖောင်ကြီး နိုင်ငံ့ဝန် ထမ်း တက္ကသိုလ် တက်ရောက်ပြီးသော ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများကို အခြေခံ၍ တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားရန်၊ လုံခြုံရေးနှင့် သဘာ၀ဘေးအန္တရာယ်အတွက် လိုအပ်ပါက တပ်ခွဲ တစ်ခွဲသည် ရုံးပြင်ပထွက်၍ တာဝန်ထမ်းဆောင်ရန်၊ ကျန်တပ်ခွဲ တစ်ခွဲသည် ပုံမှန်ရုံးလုပ်ငန်းနှင့် အုပ်ချုပ် ထောက်ပံ့မှု လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှို့ဝှက် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *