မြောက်ပိုင်းစစ်ဒေသအ​ခြေစိုက် (၆၀၆) တပ်ရင်းမှ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်း(ရုပ်သံ)

ကွမ်းလုံမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးမှာ KNDF ရဲ့ မြောက်ပိုင်းစစ်ဒေသအ​ခြေစိုက် (၆၀၆) တပ်ရင်းမှ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း

နိုဝင်ဘာ ၁၈ ရက်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး”ကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကွမ်းလုံမြို့အား အပြီးသတ် သိမ်းယူခဲ့တဲ့ စစ်ဆင်ရေးမှ KNDF ရဲ့ မြောက်ပိုင်း စစ်ဒေသ အခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကွမ်းလုံမြို့သိမ်းတိုက်ပွဲများအတွင်း KNDF ရဲ့ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆) တပ်ရင်းမှ မဟာမိတ်တပ်များနဲ့အတူ စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်တိုက်ပွဲဝင်ရင်း

တပ်စုမှူး မောင်ဗေဒါ ၊ တပ်စိတ်မှူး ခွန်းမာနွေးလယ် ၊ တပ်ကြပ်ကြီး ခွန်းစတီဗင်ဒီဇိုင်း တို့ (၃)ဦးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်အသက်ပေးသွားခဲ့ရတယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး “အတွင်း နေ့စဥ်တိုက်ပွဲများမှာ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်း တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *