တိုက်ပွဲတွေကြောင့် ရွှေနဲ့ဒေါ်လာဈေးမြင့်လာပြီး ဖမ်းဆီးမယ်ဆိုတာကြောင့် ရွှေဈေးကွက် မဖွင့်နိုင်

တိုက်ပွဲတွေကြောင့် ရွှေနဲ့ဒေါ်လာဈေးမြင့်လာပြီး ဖမ်းဆီးမယ်ဆိုတာကြောင့် ရွှေဈေးကွက် မဖွင့်နိုင်

နိုဝင်ဘာ ၁၈

ရွှေဆိုင်တွေက ဖွင့်လှစ်တဲ့ ရွှေပေါက်ဈေးကို ဖွင့်လှစ်ရင် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အရေးယူမယ်ဆိုတာကြောင့် ဒီနေ့ရွှေဈေးကွက် မဖွင့်လှစ်နိုင်ဘူးလို့ သိရပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ မစခင်မှာ ရွှေဈေး ၃၅ သိန်းကျော်ရှိခဲ့ရာမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ရွှေဈေး ၃၇ သိန်း ၇ သောင်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ အဲ့ဒီမြင့်တက်လာတဲ့ ရွှေဈေးဟာ ရွှေဆိုင်တွေက ခန့်မှန်းပေါက်ဈေးနဲ့ တွက်ချက်ရောင်းချတာပါ။

လက်ရှိ နိုင်ငံရေးအခြေနေတွေကြောင့် ကုန်သွယ်ရေးအပိုင်း ထိခိုက်လာတဲ့အပြင် စစ်ကောင်စီက လုပ်ငန်းရှင်များကို နိုင်ငံခြားငွေအပြည့်အဝရောင်းချနိုင်ခြင်းမရှိတဲ့အတွက် ဒေါ်လာလိုအပ်ချက်များကာ ငွေလဲလှယ်နှုန်းမြင့်တက်ပြီး ရွှေဈေးကွက်ပါအလှုပ်အခတ်ဖြစ်လာတယ်လို့ ရွှေလုပ်ငန်းရှင်များက ပြောပါတယ်။

“ဈေးဖွင့်ရင်ဖမ်းမယ်လို့ ကြေညာထားတယ်၊ အခုထိမဖွင့်နိုင်ဘူး၊ မှောင်ခို သိတဲ့သူခြင်း လုပ်နေရတယ်၊ အခု စသုံးလုံးကလည်း ရွှေဆိုင်တန်းတွေကိုပတ်နေတယ်၊ အရပ်ဝတ်တွေနဲ့၊ ဈေးတက်လာရင် သူတို့လုပ်နေကြအတိုင်းပေါ့၊ နိုင်ငံရေးနဲ့ စီးပွားရေးက ဆက်စပ်နေတာ၊ အခုက ရုတ်ရုတ်အခြေနေရယ် ဒေါ်လာဈေးမြင့်လာတဲ့အတွက် ရွှေဈေးကတက်တာ” လို့ ရန်ကုန်မြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ၃၃၀၀ ကျပ် ဝန်းကျင်ရှိမှ ယနေ့ ၃၅၆၀ အထိ မြင့်တက်လာတာကြောင့် စစ်ကောင်စီက ဈေးကွက်ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ဒေါ်လာလိုအပ်ချက်က တအားမြင့်တက်နေတယ်၊ နိုင်ငံခြားကအမှာတွေငွေသွင်းရတော့မယ်၊ သူတို့ပြည့်ဝအောင် မရောင်းပေးနိုင်ဘူး၊ နယ်စပ်ကုန်သွယ်ရေးအခြေနေလည်း ဆိုးနေတော့ အခုက လိုအပ်တဲ့သူတွေကတော့ လိုက်ဝယ်နေတယ်၊ အခုဒီနေ့ဆို ဖမ်းဖို့လုပ်နေကြပြီး၊ သတိလေးထားပြီးလုပ်ကြပါ၊ ဈေးကွက်ပြန်ထိန်းမယ့်သဘောရှိတယ်” လို့ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်သူ တစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေဈေးကျရန် ညွှန်ကြားထားပြီး၊ သတင်းမှားတွေ ထုတ်လွှင့်သူ၊ ရွှေဈေးဖွင့်သူ၊ Viber အသုံးပြုပြီး အရောင်းအဝယ်လုပ်သူ၊ ဈေးကစားသူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမယ်လို့ နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းရွှေဈေနှုန်းကျဖို့ စစ်ကောင်စီဘက် ညွှန်ကြားထားတာကြောင့် ဈေးကစားသူများကို အရေးယူမယ်လို့ YGEA တာဝန်ရှိသူကပြောဆိုထားပါတယ်။

ယနေ့ YGEA အသင်းရဲ့ ရည်ညွှန်းဈေး ရွှေတစ်ကျပ်သား ၃၁ သိန်း အထက်တွင်ရှိနေပြီး ပြင်ပဈေးကွက်အတွင်း တစ်ကျပ်သား ၃၇ သိန်းကျော်အထိ မြင့်တက်နေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *