ကြည်း လေ ရေ ဘယ်တပ်မှမနေရဘူး နတ်နတ်သီးမိုးရွာ(ရုပ်သံ)

ကိုင်းကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာစစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် စစ်ကူလာနိုင်တဲ့ ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike တာဝန်ခံဆီက သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီခန့်ကစပြီး ကိုင်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန် စစ်ကူလာနိုင်တဲ့ ဆီမီးခုံရေနက်ဆိပ်ကမ်းက ရေတပ်စခန်းနဲ့ စစ်သင်္ဘောတွေကို Shar Htoo Waw နည်းပညာအသုံးပြုထားတဲ့ Fixed Wing Drone ၅ စီးနဲ့ ဗုံးသီး ၁၀ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ၂ ဦးအထက်ရှိနိုင်ပြီး စာရင်းအတိအကျရဖို့တော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ Myingyan District Drone Strike အမှတ် (၁၈၄၈)ဒရုန်းတပ်၊ Shar Htoo Waw နည်းပညာ(Team-2)၊ CDSOM 001 ဒရုန်းတပ်ဖွဲ့၊ မလိူင်မြို့နယ်ပကဖ MHLG WING၊ ရေစကြိုမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့(ပလဖ)၊ Super Fighter PDF (ရေစကြို)တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ကိုင်းကျေးရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကြညထွက်ပြေးသွားပြီး စခန်းကို အပြီးသတ်သိမ်းပိုက်မီးရှို့ကာ အမျိုးသမီး စစ်သုံ့ပန်း ၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် စခန်းအတွင်းက MA 1 ၁လက်၊ ကျည်ဘောက် ၃ ခု၊ ကပစထုတ် ၅.၅၆ ကျည် ၇ဝ၄ တောင့်၊ ဦးထုပ် ၄ လုံး၊ Equipment ၄ စုံ၊ ကျောပိုးအိတ် ၄ လုံး၊ ယူနီဖောင်း ၁ စုံ၊ Badge တံဆိပ်၊ ရေဘူး ၁ ခု၊ လက်ကိုင်ဖုန်း ၅ လုံး၊ ဓား ၁ ချောင်း၊ တံဆိပ်တုံး ၂ ခုနဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *