လွိုင်​ကော်တက္ကသိုလ်မှ ပါချုပ်အပါအဝင် ဆရာ၊ဆရာမနှင့် ဝန်ထမ်းများ​ဘေးကင်းစွာရှိ​နေ​ကြောင်း ထုတ်ပြန် (ရုပ်သံ)

လွိုင်​ကော်တက္ကသိုလ်မှ ပါချုပ်အပါအဝင် ဆရာ၊ဆရာမနှင့် ဝန်ထမ်းများ​ဘေးကင်းစွာရှိ​နေ​ကြောင်း KNDFနှင့် IEC ထုတ်ပြန် (ရုပ်သံ)

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

▪︎”ကျွန်​တော့ကိုသေသွားပြီဆိုတဲ့ သတင်းအမှား​ပေါ်မှာ​တော့ ကျွန်​တော်ဟာဒီမှာ လုံလုံခြုံခြုံ ကျန်းကျန်းမာမာ ရှိ​နေတယ်ဆိုတဲ့ အ​ကြောင်း​ပြောချင်ပါတယ်”-လွိုင်​ကော်တက္ကသိုလ်ပါ​မောက္ခချုပ် ​ဒေါက်တာ​​အောင်မြင့်

ရဲခေါင်/People’s Spring

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က ယနေ့ ထုတ် ပြန်သည်။

၁၁.၁၁ စစ်ဆင်ရေး ၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့ ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ

လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာ​သော အချိန်၌ ဘေးကင်းရာသို့ ကရင်နီတပ်ပေါင်းစုကအရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရကြောင်း အသိပေးသည်။

“သူတို့(စစ်ကောင်စီ)ဘက်က ဒီနေ့အထိ ဝါဒ အမျိုးမျိုးဖြန့်နေတာပေါ့။အဓိကတော့ ပါမာက္ခ ချုပ်ကို ကျွန်တော်တို့တပ်ဖွဲ့တွေက သတ်လိုက်ပြီး ကျန်တဲ့ Non CDM တွေကို ဖမ်းထားတယ်ဆိုတာမျိုး။ဒီနေရာ မှာ ပြောလိုတာက ကျွန်တော်တို့ ကရင်နီတပ်ပေါင်းစု တွေအနေနဲ့ နိုင်ငံတကာ စံ တွေနဲ့အညီ လူ့ကျင့်ဝတ် စစ် ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ကျင့်သုံးနေပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ပြောကြားသည်။

လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက်လုပ်

ဆောင်ပေးလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌

ဖော်ပြသည်။

ပါ​မောက္ခချုပ် အပါအဝင် ကထိက ဆရာ၊ဆရာမ ၃ဦးက ကျန်းမာအဆင်​ပြေစွာရှိ​နေ​ကြောင်း​ပြောကြားထား​သော

၂ မိနစ်​ကျော်ကြာသည့် ရုပ်သံမှတ်တမ်းကိုလည်း KNDF နှင့် IEC ကထုတ်ပြန်ထားသည်။

“ကျွန်​တော် အခု​လော​လောဆယ် ဒီမှာ ကျွန်​တော့တက္ကသိုလ်က ဆရာ၊ဆရာမ ၁၉၄ ​ယောက်နဲ့အတူရှိ​နေပါတယ် ။ ကျွန်​တော့ကိုသေသွားပြီဆိုတဲ့ သတင်းအမှား​ပေါ်မှာ​တော့ ကျွန်​တော်ဟာဒီမှာ လုံလုံခြုံခြုံ ကျန်းကျန်းမာမာ ရှိ​နေတယ်ဆိုတဲ့ အ​ကြောင်း​ပြောချင်ပါတယ်ခင်ဗျ”ဟု

ပါ​မောက္ခချုပ် ​ဒေါက်တာ​​အောင်မြင့်က ရုပ်သံဖိုင်တွင်​ပြောကြားထားသည်။

မြန်မာစာဌာက လက်​ထောက် ကထိက ဦး​ဝေလင်းစိုးကလည်း နိုဝင်ဘာ ၁၁ ရက်တွင်တိုက်ပွဲဖြစ်ပွား ပင်မဆာင် ​မြေ​အောက်ထပ်တွင် တက္ကသိုလ်ရှိ ဆရာ၊ဆရာမ အားလုံးစု​​နေ​ကြောင်း ၊ထို​နောက် ​​တော်လှန်​ရေးအဖွဲ့များကလာ​ရောက်ကယ်ထုတ်၍ အဂ်လိပ်စာဌာန ​အောက်ထပ်သို့​ရွေ့​​ပြောင်း​ပေး​ကြောင်း၊ထို့​နောက် အခြားတစ်​နေရာမှ ၊ယခု​နေ​သော​နေရာသို့​ရောက်ရှိပြီး အားလုံး​ဘေးကင်းကျန်းမာစွာရှိ​နေ​ကြောင်း​ရုပ်သံတွင်​ပြောကြားထားသည်။

“မိသားစုဝင်​တွေအားလုံး စိတ်ပူ​နေကြမှာဖြစ်တဲ့အတွက်​ကြောင့် ကျွန်​တော်တို့အားလုံး ၊ကျွန်​တော်အပါအဝင် လွိုင်​ကော်တက္ကသိုလ်က မိသားစုဝင် ၁၉၇ ဦးအားလုံး အစစ

အရာရာ အဆင်​ပြေ​ပြေ ​ချော​ချော​မွေ​မွေနဲ့ ဒီမှာရှိ​နေပါတယ် ဆိုတဲ့သတင်းစကား​လေးပါချင်ပါတယ်”ဟုဦး​ဝေလင်းစိုးကလည်းသတင်းစကားပါးသည်။

ကရင်နီ(ကယား)ပြည်နယ်၏ ၁၁.၁၁ စစ်ဆင်ရေး၏ တတိယနေ့(နိုဝင်ဘာ ၁၃ ရက်) နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် တပ်မ(၆၆) လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ

(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။

နိုဝင်ဘာလ(၁၄)ရက်တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ (၆) မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား မနက်ပိုင်းမှစ၍ ညနေပိုင်းတွင် ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး “ကောင်းမြတ်ကို” ဦးစီးသော စစ်ကောင်စီတပ်သား (၃၂) ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

ယနေ့အထိ လွိုင်ကော်မြို့တွင်း တိုက်ပွဲများမှာ ပြင်း ထန်နေပြီး စစ်ကောင်စီက နေ့စဥ် လေယာဥ် အများ အပြားအသုံး

ပြု၍ ဗုံးကြဲ နေဆဲ ဖြစ်သည်။

( ​လွိုင်​ကော်တကာကသိုလ်ပါ​မောက္ခချုပ် ​ဒေါက်တာ

အောင်ခင်မြင့်နှင့် ကထိကများ၏ ရုပ်သံမှတ်တမ်း။

ရုပ်သံ-KNDF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *