လွိုင်ကော်တက္ကသိုလ်မှ ပါချုပ်အပါအဝင် ဆရာ၊ဆရာမနှင့် ဝန်ထမ်းများဘေးကင်းစွာရှိနေကြောင်း KNDFနှင့် IEC ထုတ်ပြန် (ရုပ်သံ)
အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်
▪︎”ကျွန်တော့ကိုသေသွားပြီဆိုတဲ့ သတင်းအမှားပေါ်မှာတော့ ကျွန်တော်ဟာဒီမှာ လုံလုံခြုံခြုံ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့ အကြောင်းပြောချင်ပါတယ်”-လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်မြင့်
ရဲခေါင်/People’s Spring
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က ယနေ့ ထုတ် ပြန်သည်။
၁၁.၁၁ စစ်ဆင်ရေး ၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့ ခြင်းဟု သိရသည်။
စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ
လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာသော အချိန်၌ ဘေးကင်းရာသို့ ကရင်နီတပ်ပေါင်းစုကအရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရကြောင်း အသိပေးသည်။
“သူတို့(စစ်ကောင်စီ)ဘက်က ဒီနေ့အထိ ဝါဒ အမျိုးမျိုးဖြန့်နေတာပေါ့။အဓိကတော့ ပါမာက္ခ ချုပ်ကို ကျွန်တော်တို့တပ်ဖွဲ့တွေက သတ်လိုက်ပြီး ကျန်တဲ့ Non CDM တွေကို ဖမ်းထားတယ်ဆိုတာမျိုး။ဒီနေရာ မှာ ပြောလိုတာက ကျွန်တော်တို့ ကရင်နီတပ်ပေါင်းစု တွေအနေနဲ့ နိုင်ငံတကာ စံ တွေနဲ့အညီ လူ့ကျင့်ဝတ် စစ် ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ကျင့်သုံးနေပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ပြောကြားသည်။
လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက်လုပ်
ဆောင်ပေးလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌
ဖော်ပြသည်။
ပါမောက္ခချုပ် အပါအဝင် ကထိက ဆရာ၊ဆရာမ ၃ဦးက ကျန်းမာအဆင်ပြေစွာရှိနေကြောင်းပြောကြားထားသော
၂ မိနစ်ကျော်ကြာသည့် ရုပ်သံမှတ်တမ်းကိုလည်း KNDF နှင့် IEC ကထုတ်ပြန်ထားသည်။
“ကျွန်တော် အခုလောလောဆယ် ဒီမှာ ကျွန်တော့တက္ကသိုလ်က ဆရာ၊ဆရာမ ၁၉၄ ယောက်နဲ့အတူရှိနေပါတယ် ။ ကျွန်တော့ကိုသေသွားပြီဆိုတဲ့ သတင်းအမှားပေါ်မှာတော့ ကျွန်တော်ဟာဒီမှာ လုံလုံခြုံခြုံ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့ အကြောင်းပြောချင်ပါတယ်ခင်ဗျ”ဟု
ပါမောက္ခချုပ် ဒေါက်တာအောင်မြင့်က ရုပ်သံဖိုင်တွင်ပြောကြားထားသည်။
မြန်မာစာဌာက လက်ထောက် ကထိက ဦးဝေလင်းစိုးကလည်း နိုဝင်ဘာ ၁၁ ရက်တွင်တိုက်ပွဲဖြစ်ပွား ပင်မဆာင် မြေအောက်ထပ်တွင် တက္ကသိုလ်ရှိ ဆရာ၊ဆရာမ အားလုံးစုနေကြောင်း ၊ထိုနောက် တော်လှန်ရေးအဖွဲ့များကလာရောက်ကယ်ထုတ်၍ အဂ်လိပ်စာဌာန အောက်ထပ်သို့ရွေ့ပြောင်းပေးကြောင်း၊ထို့နောက် အခြားတစ်နေရာမှ ၊ယခုနေသောနေရာသို့ရောက်ရှိပြီး အားလုံးဘေးကင်းကျန်းမာစွာရှိနေကြောင်းရုပ်သံတွင်ပြောကြားထားသည်။
“မိသားစုဝင်တွေအားလုံး စိတ်ပူနေကြမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး ၊ကျွန်တော်အပါအဝင် လွိုင်ကော်တက္ကသိုလ်က မိသားစုဝင် ၁၉၇ ဦးအားလုံး အစစ
အရာရာ အဆင်ပြေပြေ ချောချောမွေမွေနဲ့ ဒီမှာရှိနေပါတယ် ဆိုတဲ့သတင်းစကားလေးပါချင်ပါတယ်”ဟုဦးဝေလင်းစိုးကလည်းသတင်းစကားပါးသည်။
ကရင်နီ(ကယား)ပြည်နယ်၏ ၁၁.၁၁ စစ်ဆင်ရေး၏ တတိယနေ့(နိုဝင်ဘာ ၁၃ ရက်) နှင့် စတုတ္ထနေ့တိုက်ပွဲများတွင် တပ်မ(၆၆) လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများစွာကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။
နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ
(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။
နိုဝင်ဘာလ(၁၄)ရက်တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ (၆) မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးအား မနက်ပိုင်းမှစ၍ ညနေပိုင်းတွင် ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး “ကောင်းမြတ်ကို” ဦးစီးသော စစ်ကောင်စီတပ်သား (၃၂) ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။
ယနေ့အထိ လွိုင်ကော်မြို့တွင်း တိုက်ပွဲများမှာ ပြင်း ထန်နေပြီး စစ်ကောင်စီက နေ့စဥ် လေယာဥ် အများ အပြားအသုံး
ပြု၍ ဗုံးကြဲ နေဆဲ ဖြစ်သည်။
( လွိုင်ကော်တကာကသိုလ်ပါမောက္ခချုပ် ဒေါက်တာ
အောင်ခင်မြင့်နှင့် ကထိကများ၏ ရုပ်သံမှတ်တမ်း။
ရုပ်သံ-KNDF)