သုံးဆယ်ပေးရွာမှာ ၃၂ကောင်မြေဩဇာဖြစ်(ရုပ်သံ)

သုံးဆယ်ပေးကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ဦးနှင့်ပျူစောထီ ၂ဥဦးသေ (ရုပ်သံ)

နိုဝင်ဘာ ၂၂

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊သုံးဆယ်ပေး​ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ဦးနှင့်ပျူ ၂ဦးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၂၂ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့နှင့် ၅မိုင်ခန့်သာဝေးသည့် မတ္တရာမြို့နယ်ထဲမှ သုံးဆယ်ပေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်​ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ ၁၉ရက်တွင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“စကစနဲ့ပျူအထိုင်ချတပ်ဆွဲထားတဲ့စခန်းကို ကျွန်တော်တို့အဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်။စခ (၃၀)ခန့်နဲ့ ပျူ(၂) ကောင် သေဆုံးပြီး ကျွန်တော်တို့ဘက်ပ အထိခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့​ပါတယ်။”ဟု ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

စခန်းသိမ်းနိုင်မည့်အခြေအနေတွင် ကျည်မလုံလောက်ခြင်းနှင့် မန္တလေးမြို့ဘက် မှ စစ်ကား ၄စီးဖြင့် စစ်ကူများရောက်ရှိလာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အထိအခိုက် မရှိဆုတ်ခွာခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။

ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊GZP၊BRA၊Thunderbird(LDF)၊ကောင်းကင်တော်လှန်ရေးအင်အားစုနှင့်Shar Htoo Waw နည်းပညာတို့ဖြင့်ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ထိုသို့တိုက်ခိုက်ခံရပြီး အထိနာသည့် စစ်ကောင်စီတပ်ဖွဲ့သည် သုံးဆယ်ပေးရွာမှ နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပြီး ဒေသခံများ စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။

ရုပ်သံပေးပို့/ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *