PDF မှလက်နက်ချ၍ ပျူစောထီးလုပ်ခဲ့သည်ဆိုသော လူငယ်နှစ်ဦးက တမူးပျူခေါင်းဆောင်အပါအဝင်ပျူ ၃ဦးကိုသတ်၍ PDF နှင့်ပြန်ပူးပေါင်း
သရဖူ/People’s Spring
စစ်ကောင်စီထံ လက်နက်ချပူးပေါင်းခဲ့သည့် PDF နှစ်ဦးကပြည်သူ့စစ်(ပျူ) ဝင်လုပ်ရင်း တမူးမြို့မှ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ပြည့်သူ့စစ်ခေါင်းဆောင်အပါအဝင် ပြည်သူ့စစ်သုံးဦးကို သတ်၍ PDF ထံ ပြန်လည်ပူးပေါင်းခဲ့သည်။
” ဘာ တွေ ဘယ်လိုဖြစ်ကုန်တယ်မသိဘူး။ အလင်းဝင်သွားတဲ့ ကလေးနှစ်ယောက်က ပြည်သူ့စစ်ထဲဝင်နေတာ ကြာပြီ။ အခု ပြည်သူ့စစ်ခေါင်းဆောင်နဲ့ သုံးယောက်ကို မြို့ပြင်ကိုခေါ်ထုတ်ပြီး သတ်ပစ်တာ” ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသူသည် သမ္မတ ဦးသိန်းစိန်လက်ထက်က တမူးမြို့၊ အမှတ်(၁)တိုင်းဒေသကြီးအမတ်ဦးမြင့်အောင်ဖြစ်သည်။ ဦးမြင့်အောင်သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူ့စစ် (ပျူစောထီး)ခေါင်ဆောင်တစ်ဦးအဖြစ်လက်နက်ကိုင်ခဲ့သည်။ တမူးမြို့သည် ပျူစောထီးအားကောင်းသောမြို့ဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်သော ပြည်သူများကို ပျူစောထီးများက မကြာခဏသတ်ဖြတ်ခဲ့သည်။ငွေကြေးချမ်းသာသူများကိုလည်း ပျူစောထီးများကသတ်ဖြတ် ငွေလုယက်မှုများလည်း ကျူလွန်ထားသည်။
၂၀၂၂ ခုနှစ် ဇူလိုင်၅ တွင် အိန္ဒိယနိုင်ငံသား နှစ်ဦး တမူးမြို့လာသည်ကိုပင် ပျူစောထီးများက သတ်ဖြတ်ခဲ့ဖူးသည်။သိုသော် ပျူစောထီးများ ကျူးလွန်သော ပြစ်မှုများအတွက် စသ်ကောင်စီက မသိဟန်ပြု၍ အရေးယူခံရခြင်း မရှိသလို အိန္ဒိယနိုင်ငံသား ၂ ဦး၏အလောင်းများကိုစစ်ကောင်စီက မီးရှို့ ၍ သက်သေများဖျောက်ခဲ့ကြောင်းဒေသခံများကပြောသည်။
ပျူစောထီး(ပြည်သူ့စစ်)များမှာ စစ်အြပ်စုအာဏာသိမ်းပြီးမှပေါ်လာခြင်းဖြစ်သည်။ စစ်ကောင်စီကလက်နက်တပ်ဆင်ပေးပြီး စစ်သင်တန်းပေးကာ စစ်ကောင်စီကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် ၊တိုက်ခိုက်ရန် စစ်တပ်က မွေးထားသောအဖွဲ့ဖြစ်သည်။
ယမန်နေ့(နိုဝင်ဘာလ ၂၁ရက်) နေ့လယ်တွင် ၎င်းနှင့်အတူ ပြည်သူ့စစ်နှစ် ဦးသည် တမူးမြို့ပန်းသာရွာအနီး ထန်းတပင်ရွာလမ်းတွင် PDF မှ ပြည်သူ့စစ်လုပ်နေသော လူငယ်နှစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
” ကလေးနှစ်ယောက်စလုံး တမူး PDF နဲ့ ပြန်ပူးပေါင်းသွားပါပြီ”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့
ရဲဘော်တစ်ဦးကပြောသည်။
ထိုသတင်းနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းမထုတ်ပြန်သေးပေ။သိုသော် စစ်ကောင်စီဝါဒ
ဖြန့်တယ်လီဂရန် ချန်နယ် နှင့် မီဒီယာ အချို့ တွင်ယနေ့နံနက်စတင်ဖော်ပြနေကြသည်၊
(စစ်တပ်အာဏာမသိမ်းခင်းကတမူးမြို့ မြင်ကွင်း။
ဓါတ်ပုံ-Wordpress)