တလရရဲဘော်တွေဘေးကင်းပါစေ စခနဲ့ပျူအများအပြားဂန့်၇ ဉီးအရှင်ဖမ်းမိ (ရုပ်/သံ)

ရေဉီးမြို့နယ် အောင်သာယာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် စစ်သားနဲ့ ပျူစောထီးအများအပြားသေဆုံး ၇ ဉီးအရှင်ဖမ်းမိ (ရုပ်/သံ)

နိုဝင်ဘာ ၂၅ ရက်

စစ်ကိုင်းတိုင်း ရေဉီးမြို့နယ် အောင်သာယာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ် တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၁၀ ဉီးသေဆုံးပြီး ၁၅ ဉီး ဒဏ်ရာရရှိသွားကာ စစ်သား ၁ ဉီးနဲ့ ပျူစောထီး ၆ ဉီး စုစုပေါင်း ၇ ဉီးကို အရှင်ဖမ်းမိခဲ့တယ်လို့ 96 Soldiers – PDF မှ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၂၄ ရက် နံနက်၄ နာရီခန့်က တော်လှန်ရေးပူးပေါင်းတပ်တွေက အောင်သာယာရွာကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁ နာရီခွဲခန့်ဖြစ်ပွားခဲ့ကာ ရန်သူ့ဘန်ကာတွေနဲ့ အဓိကစခန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က ရေဦးမြို့ဘက်မှ လက်နက်ကြီး ပစ်ကူ​ပေးတာ၊ စစ်ကူယာဉ်များ စေလွတ်ခဲ့တာနဲ့ ​နမခမှ Mi 35 ရဟတ်ယာဥ်နဲ့ လာ​ရောက်ပစ်ခတ်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၁၀ ဉီးသေဆုံးပြီး ၁၅ ဉီးခန့် ဒဏ်ရာရရှိသွား ကာ စစ်သား ၁ ဉီးနဲ့ ပျူစောထီး ၆ ဉီး စုစုပေါင်း ၇ ဉီး အရှင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဘက်က 96 ရဲ​​​​​ဘော် ၂ ဦး( ၁ ဦး စိုးရိမ်ရ) အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးတွင် 96 soldiers အညာ​ဒေသတပ်ခွဲမှ ရဲ​ဘော်တွေနဲ့ PLA အဖွဲ့၊ BNRA အဖွဲ့၊ ​ဒေသခံ Local PDF အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

တလရ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *