ပထမဦးဆုံးပဲလေးစားတယ် နောက်ထပ်လည်းနွေးထွေးစွာ ကြိုဆိုပါတယ်

ရေးမြို့နယ်မှာ ရဲတပ်ကြပ်တစ်ဦး ရေးပြောက်ကျားထံ လက်နက်အပ် ခိုလှုံ

နိုဝင်ဘာလ ၂၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ ပထမဆုံး အကြိမ် အနေနဲ့ ရဲတပ်ကြပ် တစ်ဦး လက်နက်အပ် ခိုလှုံလာတယ်လို့ ရေးပြောက်ကျတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာပါတယ်။

ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းက ရဲတပ်ကြပ်ဟာ G-3 တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်တောင့် ၁၀၀ နဲ့အတူ ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်မှာ YGF-ရေးပြောက်ကျားတပ်ထံ လက်နက်အပ် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အခုလို အမှားအမှန် ခွဲခြားသိပြီး အချိန်မီ ပြည်သူ့ရဲအဖြစ် ရေးမြို့နယ်မှာ ပထမဦးဆုံး ခိုလှုံလာသူဖြစ်လို့ ရေးပြောက်ကျားတပ်က ဂုဏ်ယူဝမ်းမြောက်စွာနဲ့ နွေးထွေးစွာ ကြိုဆိုတယ်လို့ ဆိုပါတယ်။

ရေးပြောက်ကျားတပ် အနေနဲ့ မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေး အင်အားစုတွေ အားလုံး ကိုယ်စား အမြင်မှန်ရကာ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်သား၊ ရဲသား၊ ပြည်သူ့စစ်၊ Non-CDM တွေကို လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုမယ့်အပြင် လုံခြုံရေး အပြည့်အဝ တာဝန်ယူပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *