ဆောင်းဦးကောက်ရိတ်သိမ်းချိန်” စစ်ဆင်ရေးအပြန် ကြိုဆိုတဲ့မြင်ကွင်းများ
နိုဝင်ဘာလ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကာဘိုးအနောက်ဘက်၊ အောင်သာယာရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအပြီး ပြန်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေကအောင်သပြေပန်းနဲ့ ကြိုဆိုတဲ့ မြင်ကွင်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ပျူစောထီးတပ်ဖွဲ့အင်အား ရှစ်ဆယ်ခန့်ဟာ ဘုန်းကြီးကျောင်းအပါအဝင် ဘန်ကာတွေနဲ့ အခိုင်အမာတပ်စွဲထားတဲ့ အဲဒီရွာကို ဒီလ ၂၄ ရက်၊ မနက်အရုဏ်တက်ချိန်မှာ PLA အပါအဝင် တော်လျန်ရေးအင်အားစုတွေက ‘ဆောင်းဦးကောက်ရိတ်သိမ်းချိန်” စစ်ဆင်ရေးနဲ့ တိုုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်ဦးခန့်ကျဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရခဲ့ပြီး ခုနှစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးရဲဘော်ခုနှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ပေမယ့် အကျအဆုံးမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးအင်အားစုတွေက ကျည်ဆန်နဲ့ငွေသားတချို့၊ ဆိုင်ကယ်နှစ်စီးသိမ်းဆည်းရမိတယ်လို့ လည်း ဆိုထားပါတယ်။
စစ်ဆင်ရေးကို P LA နဲ့ အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDFတို့ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။