ရွှေဘိုမြို့ကအရှိန်ရနေပြီ စခတွေစခန်းပစ်ပေး(ရုပ်သံ)

ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာရှိ အကြမ်းဖက်စစ်တပ်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် စစ်သားတွေ စခန်း စွန့်ခွာထွက်ပြေး (ရုပ်/သံ)

+++++++++++++++++++

နိုဝင်ဘာ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီးနောက် စစ်သားတွေ စခန်း စွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF မှ သတင်းရရှိပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို Drone နဲ့ ၆၀ မမ ဗုံးသီး ၂ လုံး၊ လက်လုပ်ဗုံးသီး ၁၀ လုံးနဲ့ ကြဲချတိုက်ခိုက်ပြီးနောက် စစ်သားနဲ့ ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ ထွက်ပြေးသွားတဲ့ စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက နယ်​မြေရှင်းလင်းရေး ပြုလုပ်ပြီး စခန်းအတွင်းရှိ ဘန်ကာတွေကို ရှင်းလင်းခဲ့တယ် လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ဦးဆောင်သော ရွှေဘို မဟာမိတ်တပ်ပေါင်းစုညီ‌နောင်များနဲ့ LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *