ဈေးဝယ်စင်တာပါဖြတ်ခံနေရမယ် ခလေးတွေဘေးကင်းပါစေ

ရန်ကုန်မြို့ဈေးဝယ်စင်တာ တစ်ခုတွင် အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီထောက်ပံ့မှု ရပ်တန့်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရန်ကုန်မြို့ပေါ် ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ထံ လေယာဉ်ဆီ ထောက်ပံ့မှု ရပ်တန့်ရေးလှုပ်မှု တစ်ခုပြုလုပ်ခဲ့ကြောင်း ပြည်သူ့သပိတ်အင်အားစု တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များအပါအဝင် ပြည် သူလူထုအများအပြား သေကြေ ပျက်စီးနေကြရသဖြင့် အ ကြမ်းဖက်စစ်ကောင်စီအပေါ် လေယာဉ်ဆီထောက်ပံ့မှုကို ရပ် တန့် ပေးကြပါရန်၊ ကိုယ်ကျိုးကို မကြည့်ပဲ လူသားချင်းစာနာထောက်မှု၊ ဒီမိုကရေစီစနစ် တန်ဖိုးထားမှုကို ပြခြင်းဖြင့် အ ကြမ်းဖက်စစ်ကောင်စီအပေါ် လေယာဉ်ဆီထောက်ပံ့ပေးမှုရပ်ဆိုင်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *