ပွဲတွေကတော့လှနေပြီ

မုန်းမြို့က ခမရ ၅၉၉ နဲ့ မြို့မ ရဲစခန်းကို တော်လှမ်ရေးတပ်တွေသိမ်းပိုက်၊ ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေ

ဒီဇင်ဘာ ၃ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၉၉ နဲ့ မြို့မရဲစခန်းတို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာ ၃ရက် ညနေပိုင်းမှာ သိရပါတယ်။

ဒီဇင်ဘာလ ၃ရက် ညနေပိုင်းအထိ ခလရ ၅၉၀ ကို သိမ်းပိုက်ရရှိရေးအတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး သိမ်းဆည်းရမိထားတဲ့ နေရာတွေကိုတော့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

“အပြီးသတ်တော့မဖြစ်သေးဘူး။ ရှင်းလင်းရေးတွေဆောင်ရွက်နေတယ်။ ပြီးသွားရင် MOD ကရော မဟာမိတ်အဖွဲ့အစည်းကရော သေသေချာချာသတင်းထုတ်ပြန်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

မုန်းမြို့တဝိုက်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာလ ၃၀ရက်ကတည်းက တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး မုန်းချောင်းတံတားထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ ဒီမနက်ပိုင်းက ဆုတ်ခွာသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီနေ့ ဒီဇင်ဘာ ၃ရက် မနက် ၄နာရီလောက်ကတည်းက လေယာဉ်တွေ၊ ဟက်စကီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“မြို့ကိုယူထားတာမျိုးတော့ မဟုတ်သေးဘူး။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကလည်း အဆက်မပြတ်သွားနေတာတွေ့ရတယ်။ Y8 တွေပါ မြင်ရတယ်” လို့ သူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်ဖွဲ့ဝင်က ဦးဆောင်ပြီး MOD လက်အောက်ခံ PDF တပ်ဖွဲ့တွေအပြင် BPLA လိုအခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

Photo – လေ့ကျင့်မှုပြုလုပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *