ပဲခူးပြီးရင်ရန်ကုန်လာမယ်နော် နီးလာပြီဟေ့

Breaking News- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

■ ပဲခူးတွင် ပထမဆုံး သိမ်းပိုက်ရရှိသည့်မြို့ဖြစ်ပြီး PDF တပ်များက သိမ်းပိုက်နိုင်သော ၄ ခုမြောက် မြို့ဖြစ်၊ တစ်နိုင်ငံလုံးတွင် မြို့ပေါင်း ၂၁ ခု သိမ်းနိုင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ အပြီး သတ် တိုက်ခိုက် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

“တစ်ပြိုင်တည်း တပ်ရင်း ၂ ခု၊ မြို့တစ်မြို့ ရပြီ။ ခမရ ၅၉၉ တုံးတော တပ်ရင်း၊ ခမရ ၅၉၀ ရေအိုးစဉ် တပ်ရင်း၊ မုန်းရဲစခန်း၊ မုန်းသံတံတား တို့ကို သိမ်းပိုက်ရရှိပြီဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကိုင်းတိုင်းတွင် ကောလင်းမြို့၊ ခမ်းပတ်မြို့၊ ရွှေပြည်အေးမြို့တို့ကို သိမ်းပိုက်ရရှိပြီးနောက် ပဲခူးတိုင်းတွင် မုန်းမြို့ကို ပထမဆုံး သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဘက်ကမူ မုန်းမြို့ကို လက်ရှိတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်းလုံးတွင် တိုင်းရင်းသားတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသော မြို့ပေါင်း ၂၁ မြို့ရှိလာပြီဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *