အဝေးကစ်အနီးကစ်ကြိုက်တာပြော

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက် ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၆

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ သရက်မြောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီခန့်က သစ်လုံးဘုန်းကြီးကျောင်း၌ စခန်းချတပ်စွဲပြီး သရက် မြောင်ဘက်သို့ ကင်းပတ်ထွက်လာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို သရက် မြောင်အနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း စနိုက်ပါ ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေ သေဆုံးထိခိုက်မှုကတော့ စုံစမ်းနေဆဲပါပဲ၊ အခု စစ်ခွေးတွေက သစ်လုံးဘုန်းကြီး ကျောင်းကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်” ဟု နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဒီဇင်ဘာလ ၂ ရက်နေ့က တောင်ညိုမြို့သစ်မှ အင် အား ၃၀ ခန့်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးသဖြင့် တိုက်ပွဲများ ပြင်းထန် လာနိုင်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအနီး နေထိုင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ခရီးအတူ သွားလာခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အဆက်အသွယ်ပြုလုပ်ခြင်းတို့ မလုပ်ဆောင်ကြရန် သတိပေးထားသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ်အတွင်းမိုင်းထိမှန်ထားသော စစ်ကားတစ်စီး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *