ဓါတ်ပုံဆိုငြင်းနေမှာစိုးလို့ ဓါတ်ရှင်လေးပါဝင်ကြည့်လိုက်အုန်း(ရုပ်သံ)

မုန်းမြို့ကို ပြန်လည်သိမ်းပိုက်သည်ဟု စစ်ကောင်စီတပ်များ ဓာတ်ပုံရိုက် ဝါဒဖြန့်ခဲ့သည့် ခမရ ၅၉၀ တပ်ကို တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းပြီး စခန်းကို မီးရှို့(ရုပ်သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များက မုန်းမြို့ မကျဆုံးကြောင်း ဝါဒဖြန့်ရန် ခမရ ၅၉၀ တပ်ရှေ့တွင် လေကြောင်းဖြင့် စစ်သားများချထားပြီး ဓာတ်ပုံရိုက်ကာ ဝါဒဖြန့် ခဲ့သည်။

ယခုအခါ အဆိုပါ ခမရ ၅၉၀ တပ်ရင်းကို တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းပြီး စခန်းကိုပါ မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် အင်အား၃၀ခန့်ရှိသော မုန်းမြို့ ၊ကော့ပြင်းတပ်စခန်းကို KNLA ၊ PDF ပူးပေါင်းအဖွဲ့က တိုက် ခိုက် ချေမှုန်းခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့များအားလုံး စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ပြီး စခန်းကို မီးရှိုဖျက်ဆီးခဲ့ကြောင်း ၊ သေနတ် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“MA 3 ၃လက်၊ ပစ္စတို ၁ လက်၊ ၆၀မမ ၁ လက် သိမ်းဆည်းရမိပါတယ်။ မိမိတို့ဘက်မှ အထိအခိုက်မရှိပါဘူး” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် KNLA ၊ PDF အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များက မုန်းမြို့ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ကောင်စီကလည်း မုန်းမြို့ကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *