လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး(ရုပ်သံ)

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးကျလို့ စျေးတစ်ခုလုံး မီးလောင်ပြာကျ (ရုပ်/သံ)

++++++++++++++++++++

ဒီဇင်ဘာ၊ ၁၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးတွေနဲ့ ပစ်ခတ် ဖျက်ဆီးလိုက်လို့ တစ်စျေးလုံး မီးလောင်ပြာကျ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ကစ၍ လွိုင်ကော်မြို့၊ သီရိ မင်္ဂလာရပ်ကွက်အတွင်းရှိ ဈေးကြီးကို စစ်ကောင်စီတပ်သားများက မီးရှို့နေခြင်းဖြစ်ပြီး ဈေးတစ်လုံးနီးပါး ပြာကျသွားပြီဖြစ် ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရပ်ကွက်များအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာ ရုံ၊ ဘုရားကျောင်းတို့တွင် ဝင်ရောက်တပ်စွဲနေရာယူကာ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *