အခြေနေကောင်းလာပြီ မအလတို့အုပ်စုထပ်မံပိတ်ဆို့ခံရ

ဒုဗိုလ်ချုပ်ကြီးညိုစော၊ ၀ဏ္ဏမောင်လွင်၊ ဒေါက်တာမှုထန်၊ ဗိုလ်ချုပ်လှမိုး နှင့် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူ

ဒီဇင်ဘာလ ၁၂ ရက်

စစ်ကောင်စီ အဖွဲ့ဝင် တွေ အပါအဝင် မြန်မာစစ်အုပ်စုရဲ့ ထိပ်တန်းခေါင်းဆောင် ၄ ဦး နဲ့ လက်နက်ပွဲစား ကုမ္ပဏီ ၂ ခု ကို ဥရောပသမဂ္ဂ EU ကပိတ်ဆို့အရေးယူ လိုက်ကြောင်း EU က ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

EU ကပိတ်ဆို့ အရေး ယူလိုက်တဲ့သူတွေကတော့ စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ၊ ဝဏ္ဏမောင်လွင် ၊ ဒေါက်တာမှုထန် နဲ့ ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေအတွက် အဓိက တာဝန်ရှိတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး တို့ဖြစ်ပါတယ်။

အရေးယူ ပိတ်ဆို့ခံရတဲ့ ကုမ္ပဏီတွေ ကတော့ စစ်ကောင်စီ အတွက် ဝင်ငွေရှာပေးနေပြီး စစ်လက်နက် နဲ့ ဆက်စပ်ပစ္စည်းတွေပါတင်သွင်းနေတဲ့ လက်နက်ပွဲ စား တွေဖြစ်တဲ့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ဖြစ်ပါတယ်။

EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရတဲ့ သူတွေ နဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ ခေတ္တ ထိန်းချုပ် ထားမှာ ဖြစ်ပြီး အဆိုပါ လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေ ရဲ့ အကျိုးအမြတ် (သို့မဟုတ်)ရန်ပုံငွေ (သို့မဟုတ်) စီးပွားရေးအရင်းအမြစ်များ ထောက်ပံ့ပေးခြင်းကို လည်း တားမြစ် တာအပြင် အဲဒီ လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေ ကို ဥရောပသဂ္ဂနိုင်ငံတွေမှာ ခရီးသွားလာခွင့် ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အနေနဲ့ မြန်မာစစ်အုပ်စုအပေါ် တင်းကျပ်တဲ့ ထပ်တိုး ပိတ်ဆို့မှုတွေ လုပ် ဖို့ ရှိနေပြီး လက်နက်နှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချမှု ၊ ပြည်သူလူထုကို ဖိနှိပ်ရာမှာ အသုံးပြု တဲ့ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ တင်ပို့မှု နဲ့ စစ်တပ်သုံး ပစ္စည်းတွေ တင်ပို့ တာတွေကိုလည်း ပိတ်ပင်တယ်လို့ ကြေညာပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *