မုံရွာ – ပုသိမ်လမ်းတွင်တောင်စားနေတဲ့ စခနှင့်ရခဆော်ခံရ(ရုပ်သံ)

မုံရွာ – ပုသိမ်လမ်းတွင် ဆက်ကြေးကောက်နေသည့် အာဏာသိမ်းစစ်ကောင်စီစစ်သား နှင့် ရဲများအား မိုင်းဆွဲတိုက်ခိုက် (ရုပ်သံ)

ဒီဇင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဝမ်ပေါင်ကုမ္မဏီမှ လုံခြုံရေးယူနေသည့်အာဏာသိမ်းစစ်ကောင်စီစစ်သားနှင့်ရဲ များက မုံရွာ – ပုသိမ်လမ်းမှာ သွားလာနေသည့်ခရီးသွားပြည်သူများဆီမှ ဆက်ကြေးကောက်နေတာကြောင့် မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း Brother Defence Force တာဝန်ရှိသူတစ်ဦးက ယမန့်နေ့ညပိုင်းတွင် ပြောဆိုခဲ့ပါသည်။

ယမန့်နေ့ မနက်ကိုးနာရီခန့်တွင် မုံရွာ – ပုသိမ်လမ်း၊ တိုက်နယ်ဆေးရုံအနီးမှာ ခရီးသွားပြည်သူများဆီမှ ဆက်ကြေးကောက်နေသည့် အာဏာသိမ်းစစ်တပ် နှင့် ရဲများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအပြီး အာဏာသိမ်းစစ်တပ်က ထိခိုက်ဒဏ်ရာရရှိသူများကို လူနာတင်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ပြီး ကင်းပုန်းများကို ရုပ်သိမ်းသွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ (၁) Brother Defence Force နှင့် Regional Firend Fight တို့က ပါဝင်ဆောင်ရွက်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *