လက်ရုံးတပ်နော် ငပုတပ်လို အိုနာတွေမဟုတ်ဘူး

ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဒီဇင်ဘာ ၁၂

ကျောင်းသားလက်ရုံးတပ်တော်-Student Armed Force က အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟို‌‌ဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီအခမ်းအနားမှာ သင်တန်းဆင်းစစ်ကြောင်းက ချီတက်စစ်ရေးပြတာ၊ တာဝန်ရှိသူများက အမှာစကားပြောကြားတာ၊ ထူးချွန်စစ်သည်များကို ဆု‌ချီးမြှင့်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားသို့ မဟာမိတ်တပ်များက အရာရှိ၊ အရာခံများနဲ့ အကြပ်စစ်သည်များ ကျောင်းသားလက်ရုံးတပ်တော်က ဗဟိုကော်မတီဝင်များ ၊အရာရှိ ၊အရာခံ ၊အကြပ်စစ်သည်၊ ရဲဘော်တို့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားလက်ရုံးတပ်‌တော်အနေနဲ့ သင်တန်းအပတ်စဉ်သစ်များအတွက် တာဝန်ထမ်းဆောင်ဖို့ တပ်သားသစ်များကို ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *