ခဝေးတွေယုတ်မာနေပြီ ဘေးကင်းကြပါစေ

နမ့်ခမ်းနဲ့ နမ့်ဆန်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ရာချီအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေ…

++++++++++++++

ဒီဇင်ဘာ ၁၂

TNLA စစ်ဒေသ နမ့်ခမ်းနဲ့ နမ့်ဆန်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများနဲ့ နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေတဲ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများကိုလည်း နေ့စဥ် ဦးတည်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ နက် ၈ နာရီ ၂၅ မိနစ်ကနေ အခုချိန်ထိ နမ့်ခမ်းမြို့နယ်၊ စခန်းသစ် တိုက်ပွဲမှာ Jet Fither (၂)ကြိမ်၊ Mi35 (၃)ကြိမ်နဲ့ Y12 (၆)ကြိမ် ဗုံး (၁၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ​ြ ဆိုပါတယ်။

အလားတူ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ဘက် စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းက လက်နက်ကြီးနဲ့ (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ်အတွင်း Y12 လေယာဥ်နဲ့ အခုချိန်အထိ ဗုံး(၄)ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ စခန်းသစ်ကုန်းတပ်စခန်းကို တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု Jet Fighter (၂၁၅)ကြိမ်၊ Y8/Y12 လေယာဥ်နဲ့ (၆၂)ကြိမ်၊ Mi35 နဲ့ (၉) ကြိမ်၊ ဓာတုအဆိပ်ငွေ့ဗုံးနဲ့ (၃)ကြိမ်၊ စစ်ကောင်စီ မန်တတ်တပ်စခန်းနဲ့ နမ့်ဖတ်ကာတပ်စခန်းတို့က လက်နက်ကြီးနဲ့ (၃၅၀)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *