ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီး စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)
ဒီဇင်ဘာ ၁၂ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီး အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ အကြမ်းဖက် စစ်သားများ တင်ဆောင်လာသော ကားကို ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးတွင် မိုင်းပွိုင့် ၄ ခုဖြင့် တိုက်ခိုက်ပြီး ဒရုန်းဖြင့် အီနာဂါ အလုံး ၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာရရှိပြီး Black Cobra မှ ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို The Red Revolters၊ Black Cobra၊ PKU Thurain၊ Young Force (UG)၊ Pakokku People Defence Force (PPDF)နှင့် ဓါးမင်းကြီး(DMG) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။